Oct 29, 2011

လူလေးမျိုး

- မသိသူ၊ မိမိမသိကြောင်းလဲမသိသူ
ထိုသူကား အရူးဖြစ်လေသည်။
လုံးဝ ရှောင်ကျဉ်လေ။
- မသိသူ။ သို့သော် မိမိမသိကြောင်းသိသူ။
ထိုသူကား လူရိုး။
သူ့အားသင်ကြားလေ။
- သိသူ။ သို့သော် မိမိသိကြောင်းမသိသူ။
ထိုသူကား အိပ်ပျော်နေသော်သူ။
သူ့အားနှိုးလေ။
- သိသူ။ မိမိသိကြောင်းလဲသိသူ။
ထိုသူကား ပညာရှိ။
ထိုသူအား ဆည်းကပ်လေ။

ပညာ

စဉ်းစားမှုမပါဘဲ သင်ယူသောပညာသည် အချည်းနှီးဖြစ်၏...
ပညာမရှိဘဲစဉ်းစားခြင်းသည်ကား ပို၍အန္တရယ်ကြီးပေသည်...

ကွန်ဖြူးရှပ်

Marry me...

Boy: Marry me.. ?
Girl: Do you have a house.. ?
Boy: No..
Girl: Do you have a BMW car.. ?
Boy: No..
Girl: How much is your salary.. ?
Boy: No salary.. but,..
Girl: No but. You have nothing.. How can i marry you.?? Leave please.!!
Boy: (talk to himself) I have one villa, 3 property lands, 3 Ferrari, 2 Porsche.. Why I still need to buy BMW.?! How can I get the salary when actually I'm the BOSS..
BY Best Status

Oct 28, 2011

ကျွန်တော်နှင့်နိုက်ကလပ်…

အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေမသွားဖို့၊ မလုံတလုံ
ဝတ်ထားတဲ့ဖက်ရှင်ရှိုးတွေသွားမကြည့်ဖို့ အမြဲပြောတယ်။
အဖေ့စကားနားမထောင်ဘဲအဲဒီလိုနေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ
မြင်တတ်တယ်လို့ အဖေက ပြောပါတယ်။အဖေက မသွားနဲ့ ပြောမှ တခါမှ
မရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး
လက်မှတ်ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ဝင်ဝင်ချင်းပဲ မမြင်သင့်တာကို
ကျွန်တော်မြင်သွားတယ်။ ဘာမြင်ခဲ့လဲသိလား…ကျွန်တော့် “အဖေ” ကိုလေ…

သောကတွေ လျော့ကျသွားတယ်


ဖတ်လိုက်ရတာလေးထဲက သဘောကျတာလေးတစ်ခု တွေ့မိရလို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိပါတယ်။ ဒီစာကလေး ဖတ်မိတော့ ကိုယ့်မှ ရှိတဲ့ သောကတွေ ထဲက အချို့ တစ်ဝက်လျော့ကျသွားတယ်လို့လည်း ခံစားရမိလို့ပါပဲ…။ တကယ်လို့သာ ကမ္ဘာလူဦးရေကို လူတစ်ရာပဲ အတိအကျရှိနေတဲ့ ရွာကလေး တစ်ရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့။ လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက်၊ ဥရောပ တိုက်သားက (၂၁)ယောက်၊ အနောက်တိုင်းသားက (၁၄)ယောက်နဲ့ အာဖရိကတိုက်သားက (၈) ယောက်ရှိနေပါလိမ့်မယ်။

အိပ်မက်

အိပ်မက် တစ်ပွဲပေးပါ..
မျှော်လင့်ချက် များများထည့်…
အတိတ်ဆိုးတွေ မထည့်နဲ့…
အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့…
ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်…
ကဲ… ဘယ်လောက်ကျလဲ???