Sep 23, 2013

The Furthest Distance in the World

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
ရှင်ခြင်းနဲ့သေခြင်း မဟုတ်ဘူး။
နင့်ဘေးမှာ ငါရှိရက်နဲ့ ငါချစ်တာကို နင်မသိတာပါပဲ။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
နင့်ဘေးမှာ ငါရှိရက်နဲ့ ငါချစ်တာကိုနင်မသိတာ မဟုတ်ဘူး။
နှစ်ယောက်စလုံး ချစ်ရက်နဲ့ အတူမနေကြရတာပါပဲ။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
နှစ်ယောက်စလုံး ချစ်ရက်နဲ့အတူမနေကြရတာ မဟုတ်ဘူး။
ချစ်နေ လွမ်းနေရက်နဲ့ စိတ်မဝင်စားသလို ဟန်ဆောင်နေတာပါပဲ။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
ချစ်နေ လွမ်းနေရက်နဲ့ စိတ်မဝင်စားသလို ဟန်ဆောင်နေတာ မဟုတ်ဘူး။
အေးစက်တဲ့အသည်းနှလုံးနဲ့ ကိုယ့်ကို ချစ်တဲ့လူကို ဥပေက္ခာပြုလိုက်တာပါပဲ။  
 
                                                                                                 Tagore(တဂိုး)

The Furthest Distance in the World
~ Rabindranath Tagore ~

The furthest distance in the world
is not between life and death,
but when I stand in front of you
yet you don't know that I love you.

The furthest distance in the world
is not when I stand in front of you yet you can't see my love,
but when undoubtedly knowing the love from both
yet cannot be together.

The furthest distance in the world
is not being apart while being in love,
but when plainly cannot resist the yearning
yet pretending you have never been in my heart.

The furthest distance in the world
is not pretending you have never been in my heart,
but using one's indifferent heart to dig an uncrossable river
for the one who loves you

တခြားလူကို ပြောင်းလဲဖို့.....?



ကျွန်တော်ရဲ့ငယ်ဘဝစိတ်ကူးအိပ်မက်က အသံလွှင့်ဌာနမှာ အသံလွှင့်သူ တစ်ဦးဖြစ်ဖို့ပါပဲ။ တက္ကသိုလ်ပထမနှစ်မှာ ကျွန်တော့်ဇာတိဖြစ်တဲ့ South Carolinaပြည်နယ် ကိုလံပီယာမြို့က အသံလွှင့်ဌာနတစ်ခုမှာ ကျွန်တော်ရဲ့ ပထမဆုံးအလုပ်ကို ရခဲ့တယ်။ အဲဒီအလုပ်ကို ကျွန်တော်အရမ်းနှစ်သက်ခဲ့တယ်။ တည်းဖြတ်သူဖြစ်တဲ့အထိ နှစ်အတော်ကြာ ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ တည်းဖြတ်သူရဲ့အလုပ်က တစ်မြို့လုံးအတွက် အကောင်းဆုံးအသံသွင်းထားသူရဲ့ ကြော်ငြာတွေကို လိုက်ဖက်တဲ့တီးလုံး သံစဉ်တွေ ထည့်ပေးတာဖြစ်တယ်။

Philက ကျွန်တော်ထက် အသက်(၂ဝ)နီးပါးကြီးတဲ့ အသံတင်ဆက်သူတစ်ဦးပါ။ သူ့အသံက ခပ်သြသြနဲ့ ဆွဲဆောင်မှုအပြည့်ရှိတယ်။ အစက သူဟာ တည်းဖြတ်သူပေါ့။ ကျွန်တော်ရောက်လာပြီးမှ သူ့နေရာမှာ ကျွန်တော့်ကို အစားထိုးလိုက်တာဖြစ်တယ်။ Philအသံက တကယ့်ကို နားထောင်လို့ကောင်းပါတယ်။ အသံလွှင့်လောကရဲ့ စကားနဲ့ပြောရရင် "အသံပါရမီရှင်"လို့ ဆိုရလိမ့်မယ်။ သူဟာ ကြော်ငြာစာသားတွေ အင်မတန်ရေးတတ်သူလည်းဖြစ်တယ်။ သူရဲ့အထူးခြားဆုံးက ကြော်ငြာတွေအတွက်

နှစ်လုံးသားတစ်ခုရဲ့အိပ်စက်ချိန်

နေမင်းကြီးသာတဲ့နေ့မှာ
မင်းအပြုံးတွေဟာဝေဆာနေခဲ့တယ်

လာမင်းကြီးသာတဲ့ညမှာတော့
မင်းအလှတွေဖျာနေခဲ့မှာပေါ့နော်

အဲနေ့ကကောင်းကင်ဖြူနေပေမဲ့
မထင်မှတ်ထားတဲ့ငါ့ရင်မှာ ပူလောင်နေခဲ့တယ်

နောက်နေ့တွေကောင်းကင်ကြီးညိုတိုင်း
ငါလဲ အလွမ်းတွေနဲ့ငိုတတ်ခဲ့ပြီ

ကောင်းကင်ကြီးကပြာနေသလို
ငါ့ရင်မှာလဲဟာလို့နေခဲ့ပါတယ်

ကမ္မာကြီးဟာမပြားပေမမဲ့
ငါလွဲတဲ့အမှားတွေများခဲ့တာမို့

နေ့နဲ့ညအလှည့်ကျဆိုတော့လဲ
မင်နဲ့ဝေးရာမှာပဲနေပါတော့မယ်

လူ့ဘ၀ဆိုတာရခဲတာမို့
မင်းပျော်နေဖို့သာငါဆုတောင်းမယ်

စမ်းချောင်းလေးဟာအမြဲသစ်လွင်နေသလို
မင်းပေးတဲ့အပြစ်တွေကိုငါကျေနပ်စွာခံရင်း...

ငါ့ဘ၀မှာငါပိုင်ဆိုင်တဲ့အရာဆိုလို့
ဒီနှစ်လုံးသားတစ်ခုတည်းရှိတာမို့
သူကိုလဲနှစ်သိမ့်ရဦးမယ်
ကဲ ရူးမိုက်တဲ့ငါ့နှစ်လုံးသားရေ
မင်းနားဖို့အချိန်ရောက်ပါပြီဗျာ...

                           (မောင်ကြယ်ငါး)