Dec 30, 2013

ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး


 ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး

အမျိုးသမီးတွေ မြေပုံစာရွက်ကို မဖတ်တတ်ဘူးလို့ ပြောချင်တာလား ဒါဆို ဒီသတင်းလေးဖတ်ကြည့်ပါဦး

တကယ်တော့စာသားတွေကို ပြောင်းပြန်ဖတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းသင်သိမှာပါ ဒါပေမယ့် အခု ဆိုက်ဘေးရီးယားက အမျိုးသမီးတစ်ဦးကတော့ စာတွေကိုပြောင်းပြန်ဖတ်နိုင်စွမ်းရှိပါတယ် ။

သူ့နာမည်ကို Bohana Danilovic လို့ခေါ်ပြီးအသက်က ၂၈ နှစ်ဝန်းကျင် ဆိုက်ဘေးရီးးယား ကောင်စီအလုပ်သမားတစ်ဦးဖြစ်တယ် ။ သူ့ဦးနှောက် ဖြစ်စဉ်တွင်းရဲ့ပုံရိပ်ဖော်မှုအပိုင်းမှာ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေလျှက်ရှိပါတယ် ။

Dec 6, 2013

အင်တာနက်အတွက် လိုအပ်နိုင်တာလေးတွေပါ...

 
ကိုညီနေမင်း (www.nyinaymin.org) ဆိုဒ်မှ ပြန်လည်မျှဝေပါသည်... 

ဒီဇင်ဘာစည်းချက် (၄)

ဒီဇင်ဘာချစ်သူလေးရေ
လှလှပပဝတ်ဆင်ကာ
ပြင်ဆင်ထားမှမဟုတ်ပါဘူး
ငါ့အတွက်တော့မင်းလေးဟာ
ဘာဝတ်ဝတ်လှလို့နေပါတယ်
အိမ်ပြန်နောက်ကျလို့
အိမ်ကဆူတဲ့အခါစိတ်မညစ်ပါနဲ့
ကိုယ့်ဆီကိုသာဖုန်းဆက်လိုက်ပါ
တစ်ညလုံးကိုယ်နှစ်သိမ့်ပေးမှာပေါ့
တစ်နေရာရာလျှောက်လည်ချင်တဲ့အခါ
ကိုယ့်ကိုကြိုပြီးပြောထားပါနော်
အတူပျော်ဖို့လိုအပ်တာတွေ
ကိုယ်ကြိုတင်ပြင်ဆင်လာမှာမို့ပါ
ကားကြပ်လို့နောက်ကျတဲ့အခါ
စိတ်မကောက်လိုက်ပါနဲ့နော်
မင်းအပြုံးလေးနဲ့အမောပြေအောင်လို့ပါ
ဘာပဲဖြစ့်ဖြစ်ပါလေ
ကိုယ်မြဲဆုတောင်းပေးနေမှာက
မင်းလေးအမြဲထာဝရပျော်ပါစေ...

(မောင်ကြယ်ငါး)

ဒီဇင်ဘာစည်းချက် (၃)

ချစ်သူလေးရေပျော်သွားပြီလား
ချစိသူလေးကိုကိုယ်ပြောသားပဲ
မင်းလေးဘေးနားမှာ
ကိုယ်ရှိနေချိန်မှာတော့
မင်းလေးအမြဲပျော်စေရမယ်
အပြည့်အဝယုံကြည်ပေးတာ
အလကားမဖြစ်စေရပါဘူး
အမြဲမင်းဖက်ကရှိနေမယ်လေ
မင်းလေးတစ်ယောက်ထဲပဲ
ရင်ထဲရှိတော့တာမို့
အရမ်းဆိုးလို့မဖြစ်ဖူးနော်
အကူအညီလိုတဲ့အခါပြောပါ
ကိုယ်အမြဲအသင့်ရှိနေပါတယ်
ကိုယ်အမြဲဆုတောင်းနေတာက
မင်းလေးအမြဲထာဝရပျော်ပါစေ...

(မောင်ကြယ်ငါး)

ဒီဇင်ဘာစည်းချက် (၂)

အရှေ့အနောက်ဆက်စပ်လို့မရပေမဲ့
လေနုအေးတစ်ချက်ကတွန်းအားပေးတယ်
အတွေးစတွေမပြတ်တောက်ခင်မှာ
ကမ္ဘာတစ်ခုကပျက်ခဲ့ဖူးတယ်
လိပ်ပြာလေးရဲ့အပြုံကနေးနဲ့
ရင်ထဲကိုရိုက်ခတ်တဲ့အခါ
နွေးထွေးမှုဆိုတာအားဖြစ်စေတယ်
ဆောင်းနေ့မှာအေးမနေတာက
ကမ္ဘာထက်ကတွဲလက်တစ်စုံ
ပန်းပွင့်လေးရဲ့နိဗ္ဗန်ဘုံမှာ
နေရောင်ပြပြလေးထိုးနေပါပြီ
လိပ်ပြာလေးရေ
စိတ်ချကာနားခိုလိုက်ပါတော့ကွယ်...

(မောင်ကြယ်ငါး)

ဒီဇင်ဘာစည်းချက် (၁)


မျက်ဝန်းတစ်စုံရဲ့နောက်ကွယ်က
တိုက်ဆိုင်သွားတဲ့ခံစားချက်တွေဟာ
သိနေခဲ့တာကြာခဲ့ပါပြီ
ရုန်းထွက်ဖိုခက်တဲ့
အကြည့်တစ်ချက်ရဲ့စွဲငင်အားက
Black Hold တစ်ခုထက်တောင်မှ
ပိုပြီးတော့အားပြင်းလှတယ်
နှစ်လုံးခုန်သံမရပ်တန့်ခင်မှာ
အပြုံးလေးတစ်ချက်တော့
ပေးသနားခဲ့ပါဦးနော်
ထာဝရငါ့ရင်ထဲမှာ
သိမ်းထားခဲ့ချင်လို့ပါ...

(မောင်ကြယ်ငါး)