Mar 31, 2012

ကြယ်ငါးကလေးအသုံးများသော Software များ


အပြင်မှာလဲလူသုံးများတဲ့ ဆော့ဝဲ Update Free download လေးတွေပါ...


Mozila Firefox 11.0


IDM 6.9 Built-3

ဆီးဂိမ်းမတိုင်မီ အင်တာနက်မြန်နှုန်းကို တိုးမြှင့်သွားမည်ဟုဆို


ပြည်တွင်း၏ အင်တာနက်မြန်နှုန်းများကို ၂၀၁၃ တွင် မြန်မာနိုင်ငံအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မတိုင်မီ ကာလ အတွင်း လက်ရှိအသုံးပြုနေသည့် မြန်နှုန်း 3.5 G မှ 5 G နှင့်အထက်တိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရှိရသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာ နပြည်ထောင်စု ၀န်ကြီးကလည်း  ပြီးခဲ့သည့်လ နောက်ဆုံးပတ်က နေပြည် တော်ခရိုင်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အိုင်စီတီဆိုင်ရာအ လုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ပြီးဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှသိရသည်။  အဓိက ရည်ရွယ်ချက်မှာ လက်ရှိ ပြည်တွင်းတွင် အသုံးပြုနေ ရသည့် အင်တာနက်အမြန်နှုန်းများသည် ဆီးဂိမ်းကာလအတွင်း အလုပ်မဖြစ်နိုင်သောကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်မှုစနစ်ကို အ မှန်တကယ် တိုးချဲ့မြှင့်တင်ရန်လို အပ်လာပြီဖြစ်သောကြောင့်လည်း ကောင်း ယခုကဲ့သို့ ဆောင်ရွက် ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရန်ကုန် အခြေစိုက် ပုဂ္ဂလိကနည်းပညာကုမ္ပဏီတစ်ခုမှ ထုတ်ကုန်မန်နေဂျာ တစ်ဦးက ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြောကြားသည်။

Mar 17, 2012

Cloud Computing ခေတ်ထဲက OS များ



Thursday, 15 March 2012 21:21
Cloud computing ဆိုတာဟာ ကွန်ပျူတာနဲ့ပတ်သက်ပြီး လုပ်ရတဲ့လုပ်ငန်းစတာတွေကို online နဲ့ချိတ်ဆက်ပြီးလုပ်တဲ့ လုပ်ငန်းစဉ်ကိုခေါ်ပါတယ်။ ဒီနေ့ခေတ် ကွန်ပျူတာတစ်လုံးသုံးမယ်ဆိုရင် ကျွန်တော်တို့ဟာ Operating System (OS) တစ်ခုကို စက်ထဲထည့်ထားရမယ်။ စက်လည်ပတ်လုပ်ဆောင်မှုစနစ်လို့ခေါ်ကြတဲ့ OS ဟာ Windows ဖြစ်နိုင်သလို Linux ဒါမှမဟုတ် Mac တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Mar 5, 2012

အင်တာနက်ရယ်...ကြယ်ငါးရယ်...

ကြယ်ငါးကလေးရယ်
အွန်လိုင်းပေါ်မှာပျောက်နေတယ်
တစ်ပတ်တောင်ကျော်ပြီကွယ်...

အင်တာနက်ပေါ်မတက်
ကွန်နက်ရှင်ပျက်တာလဲတစ်ပတ်ကျော်ကြာ
စက်ပျက်လို့တဲ့ဗျာ...

စက်ပြန်ကောင်းလို့ပျော်မယ်ကြံ
ကွန်နက်ရှင်ကနှေးနေပြန်
စောင့်ရပြန်ပေါ့တစ်ခါ...

တက်လာပြန်တော့ကျချည်မြင့်ချည်
(ဟင်း...)သည်းလည်းခံတတ်လာပါပြီ
သြ...ငါနေတာကမြန်မာပြည်....။
မောင်ကြယ်ငါး