Oct 11, 2013

စာအုပ်ဖတ်ခြင်းဖြင့် လက်တွေ့လောကဘ၀ကို အထောက်အကူပြုစေမည့် သိပံ္ပနည်းကျအချက် ၁၀ ချက်

 လူအများစုတွေဟာ စာအုပ်ဖတ်ခြင်းကို ၀ါသနာအရသော်လည်းကောင်း၊ ဗဟုသုတရလိုသောကြောင့်သော်လည်းကောင်း၊ တစ်ကိုယ်တည်းသီးသန့်နေလိုသောကြောင့်သော်လည်းကောင်း စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖတ်ရှုကြပါတယ်။ သို့သော်လည်း စာဖတ်ခြင်းအားဖြင့် သင့်ရဲ့ ပြင်ပလူနေမှုဘ၀ကို အပေါင်းသင်္ကေတဖြစ်စေမဲ့ အချက်တွေကို သင်သိသွားမယ်ဆိုလျှင်တော့ အံအားသင့်မှာပါ။

1. စာအုပ်ဖတ်ခြင်းဟာ အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို စာအုပ် ၂ နာရီခွဲခန့်ဖတ်တဲ့သူတွေဟာ မဖတ်တဲ့သူတွေထက် အသက်အရွယ်ကြီးလာရင် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေနည်းပါတယ်။ စာဖတ်ခြင်းအားဖြင့် ရောဂါကို ကာကွယ်နိုင်မှာလို့ ဆိုထားခြင်းမဟုတ်ပေမဲ့ စာဖတ်ခြင်း နဲ့ ရောဂါကာကွယ်ခြင်းတို့ဟာတော့ အနည်းငယ်ဆက်နွယ်နေပါတယ်။