May 27, 2012

Account Activity report feature ကို Google မိတ်ဆက်



Account Activity ဟုခေါ်သော အသုံးပြုသူများအတွက် Google account နှင့်ပတ်သက်သည့် အစီရင်ခံစာများကိုဖော်ပြပေးနိုင်မည့် feature သစ်ကို Google ကမိတ်ဆက်ပေးခဲ့သည်။ Opt-in feature သစ်ဖြစ်သည့် Account Activity သည် Google user များအား ကွဲပြားခြားနားသည့် Google ထုတ်ကုန်များပေါ်တွင် လုပ်ဆောင်မှုများအား ဖော်ပြပေးမည်ဖြစ်သည်။

Account Activity အစီရင်ခံစာတွင် Google ထုတ်ကုန် အသုံးပြုမှုနှင့်ပတ်သက်သည့် လေ့လာဆန်းစစ်ချက်များအားလုံး ပါဝင်မည်ဖြစ်သည်။ ဥပမာအနေဖြင့် အီးမေးလ်အသုံးပြုမှု၊ ဆက်သွယ်မှုအများဆုံး အီးမေးလ်လိပ်စာများနှင့် တခြားအချက်အလက်များ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် user များအနေဖြင့် ၎င်းတို့၏ account များကို sign-in ပြုလုပ်သည့်တည်နေရာများ၊ sign-in ပြုလုပ်သည့် browser များနှင့်အသုံးပြုသည့် operating system တို့ကိုပါ ကြည့်ရှုနိုင်မည်ဖြစ်သည်။ Google ၏အဆိုအရ

အလှည့်ကျဓာတ်အားပေးစနစ် တစ်နိုင်ငံလုံး စတင်ကျင့်သုံး



ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှု
ကြောင့် မီးစက်များ အသုံးပြုနေစဉ်။
ဓာတ်ပုံ - ဘူးသီး
စိုးစန္ဒာဦးနှင့် ထူးအောင် (Myanmar Times Weekly Business Journal)
အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)
 
မေလ ၁၉ ရက် နံနက်ပိုင်းတွင် ကချင် ပြည်နယ်နှင့် ရှမ်းပြည်မြောက် ပိုင်းအစပ်ရှိ ရွှေလီ - မန်စံ မဟာဓာတ်အားလိုင်း ဖောက်ခွဲဖျက်ဆီးခံ ရမှုကြောင့် ရွှေလီ ဓာတ်အားပေးစက်ရုံမှ ပုံမှန်ရရှိနေသော ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ခန့် လျော့ကျသွားသဖြင့် ထိုနေ့မှ စတင်ကာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ကာ အများပြည်သူများအား ဓာတ်အားဖြန့် ဝေမှုတွင် ၂၁ ရက်နေ့မှစကာ အုပ်စုသုံးစု ခွဲ၍ တစ်အုပ်စုလျှင် ခြောက်နာရီ အလှည့် ကျ ဓာတ်အားဖြတ်တောက်သည့် စနစ်ကို ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေးအဖွဲ့က စတင်ကျင့်သုံးခဲ့သည်။
"စက်မှုဇုန်တွေကိုတော့ မပေးတော့ ဘူး။ အများပြည်သူက အုပ်စု သုံးစုမှာ တစ်အုပ်စုပြတ် နှစ်အုပ်စုပေးစနစ်နဲ့ပါ။ ညနေ ၅ နာရီကနေ ည ၁၁ နာရီအချိန် တွင်းမှာ အသေးစား စက်မှု၊ လက်မှုလုပ်ငန်း တွေ ဓာတ်အားမသုံးရဘူး။ အဲဒါကိုလည်း

(၁၃)ကြိမ်မြောက် ဂျပန်ဘာသာ ကျပန်းပြိုင်ပွဲ လျှောက်လွှာခေါ်ယူ

ငြိမ်းအိအိထွေး-(Myanmar Times Weekly Business Journal)
အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)
(၁၃)ကြိမ်မြောက် ဂျပန်ဘာသာစကား ပြောစွမ်းရည်ပြိုင်ပွဲ ၂၀၁၂ ကို မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်နိုင်ငံပြန် မြန်မာ ကျောင်းသားဟောင်းများအသင်း နဲ့ ဂျပန်စက်မှုနဲ့ ကုန်သည်ကြီးများ အသင်းတို့ရဲ့ ပံ့ပိုးကူညီပူးပေါင်းတင် ဆက်မှုနဲ့အတူ ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်မှာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါ တယ်။
ကိုယ်နှစ်သက်ရာခေါင်းစဉ်နဲ့ ၀င် ရောက်ယှဉ်ပြိုင်နိုင်တဲ့ ဒီဂျပန်ဘာသာ စကားပြောပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာပုံစံတွေကို ဂျပန်နိုင်ငံသံရုံး၊ ရန်ကုန်မြို့၊ ၀က်ဘ်ဆိုက်အမည် http://www.mm.emb-Japan.go.jp ကနေ ရယူနိုင်ပြီး ဇွန်လ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း အမှတ် ၁၀၀၊ သတင်း နှင့်ယဉ်ကျေးမှုဌာန၊ ဂျပန်နိုင်ငံသံရုံး ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ကို

စွန့်ပစ်ပစ္စည်းတွေနဲ့ လွတ်မြောက်တဲ့ ခံစားမှုပြ Recycle Collage Art ပန်းချီပြပွဲ



ပန်းချီစန်းဇော်ထွေးကို သူဖန်တီးထားတဲ့ အနုပညာ ပစ္စည်းများနဲ့အတူ တွေ့ရစဉ်။
ဓာတ်ပုံ - လွင်ကိုတိတ်

မေစန္ဒီ-(Myanmar Times Weekly Business Journal) အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)
မွန်းကျပ်တဲ့ ခံစားမှုမျိုးကနေ ရုန်းထွက်ဖို့ ကြိုးစားတဲ့အချိန်မှာ ပန်းချီကို ထွက်ပေါက်တစ်ခုအဖြစ် ရှာဖွေတွေ့ရှိခဲ့တဲ့ ပန်းချီစန်းဇော်ထွေးက သူ့ရဲ့ ၁၂ နှစ်တာ ကာလပတ်လုံး အကျဉ်းကျနေချိန်မှာ ရေးဆွဲခဲ့တဲ့ ပန်းချီ ကားပေါင်း များစွာထဲကပန်းချီကား ၇၀ ကျော်ကို "Recycle Collage Art" ပန်းချီပြပွဲ အဖြစ် မေလ ၂၁ ရက်မှ၂၆ ရက်နေ့အထိ လောကနတ် ပန်းချီပြခန်းမှာ ပြသနေပါတယ်။
"ကဗျာတွေ၊ စာတွေက အကျဉ်းထောင်ရဲ့မွန်းကျပ်မှုကို ဖြေဖျောက်ဖို့ နည်းနည်းရိုးလာတဲ့အခါ အခြားအသစ် ဘာကိုရွေးနိုင်လဲလို့ ရှာလိုက် တဲ့အခါမှာ ကျွန်တော် ပန်းချီကို တွေ့တယ်။ အဲဒီအခါမှာ ပန်းချီကို စပြီးတော့ ဆွဲဖြစ်တယ်" လို့ ပန်းချီဆရာ စန်းဇော်ထွေးက ပြောပါတယ်။
ကော်ဖီမစ်ထုပ်အခွံ၊ ပလတ်စတစ် မုန့်ထုပ်ခွံနဲ့ ဆေးလိပ်ဘူးခွံစတဲ့ စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေကို အသုံးပြီး ရေးဆွဲထားတဲ့ ရောင်စုံပန်းချီကား တွေရဲ့ နောက်ကွယ်မှာ နက်ရှိုင်းတဲ့ ခံစားမှုတွေ ရှိတယ်ဆိုတာ ပန်းချီကား တစ်ချပ်ချင်း စီကနေ ပြပွဲလာသူ ပရိသတ်ကို

ပထမဆုံး မြန်မာသရီးဒီဇာတ်ကား Studio 35 Plus က စတင်ရိုက်ကူး

ပိုမိုဆန်းသစ် ကြွရွနေပြီး ပရိသတ်ကို ကိုယ်ကြည့်နေတဲ့ ဇာတ်လမ်းထဲအထိ ဆွဲခေါ်သွားနိုင်တဲ့အတတ်ပညာ ဖန်တီးချက်တွေနဲ့ 3D ဇာတ်ကားတွေက အနုပညာလောကထဲကို ထိုးဖောက် နေရာယူလာချိန်မှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး 3D ဇာတ်ကားတစ်ကားကိုလည်း Studio 35 Plus ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက စတင်ရိုက်ကူးတော့ မယ်လို့ သိရပါတယ်။
ဇာတ်ကားရဲ့ အမည်ကို 'သုံးညအိပ် လေးရက်ခရီး' လို့ အမည်ပေးထားပြီး မင်းသား ခရီးသွားရင်း လမ်းမှာကား ပျက်လို့ အနီးအနား က အိမ်တစ်အိမ်မှာ သွားတည်းရင်း ၀ိညာဉ်ကောင်မလေးနဲ့ တွေ့ဆုံရာက အတူနေပြီး ရင်းနှီးသွားတယ်။
အဲဒီအချိန်လေးက သုံးညအိပ် လေးရက်ကြာတာကြောင့် ဒီဇာတ်ကားကို 'သုံးညအိပ်လေးရက်ခရီး'လို့ အမည် ပေးထားခြင်းဖြစ်တယ် လို့သိရပါတယ်။
ဒီဇာတ်ကားထဲမှာ ခေါင်းဆောင် မင်းသားအဖြစ်

May 13, 2012

အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံခွင့်အတွက် ပွင့်လင်းစွာ တောင်းဆိုမှုများ ပြုလုပ်လာ



အမေရိကန် Caterpillar Inc. မှ ထုတ်လုပ်သော လယ်ယာသုံး ထွန်းစက်များကို နိုင်ငံခြားသို့တင်ပို့ရန် ဘယ်လ်တီမိုးရှိ ဒန်ဒေါ့ခ် ဆိပ်ကမ်းတွင် ရပ်နားထားသည်ကို ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်တွင် တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

 Myanmar Times Weekly Business Journal 
(အေအက်ဖ်ပီ) သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၇ (၄ - ၁၀ ၊ ၅ ၊ ၂၀၁၂)
 
 
တိုးပွားဖြစ်ထွန်းလာနေသည့် စီးပွားရေးတွင် ပါဝင်ခွင့်မရမည်ကို စိုးရိမ်နေကြ သည့် အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို အဆုံးသတ်ရန် မေတ္တာ ရပ်ခံတောင်းဆိုထားကြသော်လည်း ၎င်းတို့မှာ မူဝါဒချမှတ်သူများနှင့် လူ့အခွင့်အရေးအုပ်စုများ၏ တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရသည်။
လူ့အခွင့်အရေးချိုးဖောက်သည်ဟု ဆိုသည့် နိုင်ငံစာရင်းတွင် နှစ်ပေါင်းများစွာ နှစ်စဉ်ထိပ်ဆုံးက ရပ်တည်နေသည့် သယံဇာတ ပေါများကြွယ်ဝရာ မြန်မာနိုင်ငံ၏ စီးပွားရေးလောကသို့ ၀င်ရောက် နိုင်ရေး ပွင့်ပွင့်လင်းလင်း ကြိုးပမ်းရန် အမေရိကန်ကုမ္ပဏီ အများစုမှာ မ၀ံ့မရဲဖြစ်နေကြပြီး ယင်းနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်နေကြသည့် ကုမ္ပဏီအချို့မှာတက်ကြွ လှုပ်ရှားသူများ၏ တုံ့ပြန်မှုနှင့် ရင်ဆိုင် နေရသည်။
သို့သော် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကစပြီး ပြုပြင်ပြောင်းလဲမှုများ စတင် ခဲ့ရာ ဝေဖန်သူများကိုပင် အံ့ဩသွားကြရစေပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု အများစုကို ဥရောပ သမဂ္ဂနှင့် ကနေဒါနိုင်ငံတို့က ရပ်ဆိုင်းပေးခဲ့ပြီး ဂျပန်နိုင်ငံကလည်း အကူအညီများ စတင်နေပြီဖြစ်သည်။
အနောက်အုပ်စု၏ စီးပွားရေးပိတ် ဆို့မှု ပြုလုပ်ထားသည့် နှစ်ပေါင်း ၂၀ အတွင်း တရုတ်နိုင်ငံသည် မြန်မာ့ စီးပွားရေးတွင် ကြီးမား သည့် ကဏ္ဍမှ ပါဝင်ခဲ့သည်။
အမေရိကန်သမ္မတ ဘာရက်အို ဘားမားထံသို့ ပေးပို့ထားသည့် စာတစ်စောင်တွင် နိုင်ငံတွင်း အမေရိကန် ခရက်ဒစ်ကတ် သုံးခွင့် ပေးခြင်းကဲ့သို့သော စီးပွားရေးပိတ်ဆို့မှုအနည်းငယ် လျှော့ချပေးခြင်းမျိုးထက် ပိုသည့် ကြေညာမှုများ ပြုလုပ်ပေးရန် အမေရိကန်