အဲဒီနှစ်က သူမ(၁၆)နှစ်
ပထမဆုံးအကြိမ် ကောင်လေးတစ်ယောက်ကို
သူမ စစိတ်ဝင်စားခဲ့တယ်။ အဲဒီကောင်လေးက သန့်ပြန့်တဲ့ရုပ်ရည်နဲ့
အရပ်သိပ်မမြင့်ဘူး။ ဒါပေမယ့် ဘောလုံးကစားတာကို သူဝါသနာပါတယ်။ သူ့အသံကသြပြီး
အက်ရှတယ်။ စာတော်ပြီး အခန်းထဲမှာ အမြဲပထမရတယ်။ အဲဒီခေတ်တုန်းက
ငယ်ရွယ်တဲ့အချစ်ကို လူတွေအပြစ်မတင်ကြသလို မိန်းကလေးတစ်ယောက်က
ယောက်ျားလေးတစ်ယောက်ကို ချစ်ကြောင်းစဖွင့်ပြောလဲ
သတင်းတစ်ပုဒ်ဖြစ်နိုင်တော့တဲ့ ကာလမဟုတ်ပေမယ့်လည်း သူ့ကိုဖွင့်ပြောမယ်လို့
သူမ ဘယ်တော့မှ တွေးမထားခဲ့မိဘူး။ အဝေးကနေပဲ သူ့ကိုငေးကြည့်နေရရုံနဲ့တင်
သူမကျေနပ်ခဲ့တယ်။
သူနဲ့ လမ်းတစ်နေရာမှာဆုံမိပြီး နှုတ်ဆက်ရရင်
သူမအရမ်းပျော်တတ်တယ်။ သူဘောလုံးကစားတာကို ကြည့်ချင်လွန်းလို့
ကျောင်းဆင်းလည်း အိမ်မပြန်ဘဲ ကစားကွင်းဘေးမှာ တစ်ပတ်ပြီးတစ်ပတ် သူမ
အပြေးလေ့ကျင့်နေတတ်တယ်။
စက္ကူကြယ်လေးတွေ သူမခေါက်သင်ပြီး
နေ့တိုင်း စက္ကူလေးတွေပေါ်မှာ သူ့ကိုပြောချင်တဲ့စကားလုံးတွေ ချရေးပြီး
စက္ကူကြယ်လေးတွေ သူမခေါက်ခဲ့တယ်။ ကြယ်လေးတွေကို