Jan 23, 2014

ဘ၀တစ်ကွေ့ ............. (ဆရာကြယ်)

 ဒါဖတ်ပြီး တကယ်ခံစားရလို့ ပြန်လည်မျှဝေခြင်းပါ...
သင်လည်းဖတ်ပြီး ရသအနေနဲ့ပဲ ခံစားရတယ်ဆိုရင်တောင် မျှဝေရတာ တန်သွားပါပြီ...
အားလုံးကို ကျေးဇူးတင်လျက်....
======================
ကျွန်တော် ...........၂တန်းကျောင်းသူအရွယ်
ကောင်မလေးတစ်ယောက်ကို မြင်နေရတယ်...
ကောင်မလေးက လက်ထဲမှာ ပညာရည်ချွန်ဆုလေး ကိုင်ပြီး...
သူ့မေမေနဲ့ ဓါတ်ပုံရိုက်နေတယ်.....
နောက် ..ကောင်မလေးနားမှာ သူ့မေမေ မရှိတော့ဘူး ..
ရမက်ပြင်းတဲ့ အကြည့်တွေနဲ့ ဘီလူးသဘက်လို မိန်းမပျိုလေးရဲ့ သွေးသားကို
ဝါးမြိုချင်တဲ့ လူတစ်ချို့ .... ကလေးမလေး နားကို တဖြည်းဖြည်း ၀ိုင်းအုံလာကြတယ်
ကောင်မလေး ကြောက်ရွံ့စွာ အော်ဟစ်နေတယ်..
သူမ ဘ၀လေး နှင်းဆီပန်းကလေးလို တစ်ရစ်ပြီး တစ်ရစ် ...တစ်လွှာပြီး တစ်လွှာအခြွေခံနေရတယ်... ဘယ်သူမှ ကယ်မယ့်သူ မရှိဘူး
အားကိုးရာလဲ မရှိဘူး ..
နာကျင်မှုတွေ အပြည့်နဲ့ ..အရှက်တွေကို နင်းခြေခံလိုက်ရတဲ့ ... ကလေးမလေးရဲ့
နှုတ်ခမ်းတစ်စုံက ..ကြာတော့ လောကကြီးကို လှောင်ပြုံးလေးနဲ့ ပြန်ပြုံးပြတတ်ပြီ
သူမ မျက်နှာပေါ် တပေါက်ပေါက် ကျနေတဲ့ တဏှာရမက်ချွေးစက်တွေနဲ့
မျက်နှာသစ်တတ်သွားပြီ ...
ညည်းညူလှိုက်မော ပင့်သက်ရှိုက်သံတွေနဲ့အတူ..
သက်တံရောင် တိမ်တွေကြား .... ကလေးမလေးတစ်ယောက် မျက်ရည်တွေနဲ့
သူ့မေမေလဲ မျက်ရည်တွေနဲ့ ...
ဆုတံဆိပ်လေးကလဲ ကြေမွလို့ ....
နောက် ကလေးမလေး မျက်လုံးကိုမှိတ် အံကိုကြိတ် ..
အသူရာချောက်ထဲ ... ပစ်ဆင်းသွားတယ် ...
ကျွန်တော် လှမ်းပြီး ဖမ်းဆုပ်ချိန်မရလိုက်ဘူး .......
အလန့်တကြားနဲ့ ကျွန်တော် သူမ ခုန်ဆင်းသွားရာ ပြေးလိုက်ရင်း
သူမ နာမည်ကို အော်ဟစ်နေမိတယ်
''၀ိုင်းးးးးးးးး '' .

Jan 3, 2014

တကယ့်ခွင့်လွှတ်ခြင်း




 လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်အဖို့ မလွယ်လှပါ.။ လျှပ်စစ်မီးသီးက
မီးစာလေးကို လျှပ်စစ်နဲ့ လင်းနိုင်အောင်လို့ သူစမ်းသပ်ရာမှာ ငါးမြားတံက
ငါးမြားကြိုးကိုတောင်မှ ဖြုတ်တပ်ပြီး စမ်းသပ်ခဲ့ဖူးတယ်.။
ဒီလိုမျိုးအကြိမ်ပေါင်းများစွာ စမ်းသပ်ရာက ပထမဆုံး သူရဲ့ မီးလုံးလေးဟာ
လင်းလာခဲ့တယ်.။ ဒီလို စမ်းသပ်အောင်မြင်တော့ သူတင်မကဘူး.။ သူနဲ့ အတူတူ
သုတေသန လုပ်နေတဲ့သူ့ရဲ့လက်ထောက်လည်း အောင်မြင်ပျော်ရွှင်မှုကို
ရင်ခုန်စွာနဲ့ ခံစားခဲ့ရတယ်.။
အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းသို့
သူ့ရဲ့ တပည့်လက်ထောက်ကို ဂရုတစိုက်ယူလာခိုင်းလိုက်တယ်.။ နောက်ထပ်
စမ်းသပ်ခန်းသို့ အသွားမှာ လှေခါးလေးတစ်ခုကို တတ်ရတယ်.။ တပည့်က
သေချာဂရုစိုက်စွာ တစ်လှမ်းချင်း လှေခါးပေါ်တက်တယ် ။ လက်ထဲက မီးသီးလေးကို
ရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ်
ရောက်ခါနီးမှာ လှေခါးကနေ ခြေချော်ပြီး မီးသီးကျကွဲသွားတယ်…။

ဘ၀မြေသြဇာ.. ( နိုင်းနိုင်းစနေ )


တစ်ခါက ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး ကလေးဟု ထင်နေသည်။ အကြောင်းမှာ သူတွင် ကျောရိုးနာ ရောဂါကြောင့် ခြေထောက် မသန်မစွမ်း ဖြစ်ခဲ့ရပြီး သွားများလည်း အထပ်ထပ် မညီမညာ ပေါက်နေသောကြောင့်ဖြစ်သည်။ သူသည် အခြားကလေး သူငယ်များနှင့် ပျော်ပါး ဆော့ကစားခြင်း မရှိဘဲ တဦးတည်း ထီးထီးနေတတ်သည်။ ဆရာ စာမေးတိုင်းလည်း ပြန်ဖြေခြင်း မရှိ ခေါင်းငုံ့ကာ နေတတ်သူဖြစ်သည်။

တစ်ခုသော နွေဦးပေါက်တွင် သူ၏ဖခင်သည် အိမ်နီးချင်း မိတ်ဆွေထံမှ ရခဲ့သော သစ်ပင်ပျိုးပင်များကို သားသမီးများအား တစ်ယောက်တစ်ပင်စီ ခွဲဝေပြီး အိမ်နောက်တွင် စိုက်ပျိုးစေခဲ့သည်။ ပျိုးပင်ကို အကောင်းဆုံး အရှင်သန်ဆုံး စိုက်ပျိုးနိုင် သူအား ဆုချမည်ဟုလည်း ကြေညာခဲ့သည်။

ဖခင်ပေးမည့် ဆုအား သူလည်း လိုချင်ခဲ့သည်။ သို့သော် တခြားသူများက ပျိုးပင်ကိုယူပြီး အားရ၀မ်းသာ စိုက်ပျိုးနေချိန်တွင် သူ့စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ မကောင်းသော အတွေးတချို့ဝင်ခဲ့သည်။ ကိုယ်စိုက်ပျိုးသောပျိုးပင် အမြန်ဆုံး ညိုးနွမ်း သေဆုံးသွားရန်သာ သူ မျှော်လင့်ခဲ့သည်။ သို့နှင့် အပင်ကို ရေ တစ်ခါ နှစ်ခါ လောင်းပြီး