Feb 24, 2012

လူဦးနှောက်နှင့်တူသော စက်ဦးနှောက်များ


မြန်မာအင်တာနက်ဂျာနယ်
Wednesday, 22 February 2012 20:58

လူဦးနှောက်လို အလုပ်လုပ်နိုင်တဲ့စက်၊ ဦးနှောက်စွမ်းရည်ထက် သာလွန်တဲ့စက်မျိုး တီထွင်နိုင်ဖို့ကိစ္စဟာ လူသားတွေရဲ့ အဆုံးစွန်သော ရည်မှန်းချက်ဖြစ်ပါတယ်။
ဆင့်ကဲတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ ကွန်ပျူတာကို တီထွင်ခဲ့ကြတာလည်း ဒီရည်ရွယ်ချက်ပါပဲ။ ဒါပေမဲ့ စက်တွေရဲ့ အလိုအလျောက်လုပ်မှုဟာ ဦးနှောက်နဲ့တော့မတူသေးပါဘူး။ သူတို့ကို ပုံစံချပေးထားတဲ့အတိုင်းပဲ အလုပ်လုပ်တတ်ပါသေးတယ်။

တွေ့ကြုံခဲ့ရဖူးသည့်သူတို့ဆီက လူထုကျန်းမာရေးစောင့်ရှောက်မှု


7Day News Journal
ဒေါက်တာစိုးသိမ်း

မကြာသေးမီက စာရေးသူ၏ အဒေါ်အရင်း အသက် ၈၀အရွယ်ရှိ အိမ်ထောင်မရှိ အပျိုကြီးသည် ရုတ်တရက် မူးလဲသတိလစ် ၍ ကိုယ်တစ်ခြမ်း လေဖြတ်သွားခဲ့သည်။ ထို့ကြောင့်အိမ်နှင့်နီးသည့်ပြင်ဦးလွင်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ရုံတွင်တင်၍ကုသခဲ့ရပါသည်။ အဒေါ်သည် သတိလစ်နေရာမှ ရှစ်ရက်မြောက်တွင်သတိပြန်လည် လာပါသည်။ သို့သော်လည်း တစ် ပိုင်းတစ်စ သတိရခြင်း ( Semiconscious )သာဖြစ်ပြီး စကား မပြောနိုင်၊ အစာမစားနိုင်၊ မလှုပ်ရှားနိုင်သည့် အခြေအနေပါ။ လူနာ အတွက် အစွမ်းကုန်ကုသပြုစုခြင်း ( Intensive Care ) လိုအပ် နေသေးချိန်ဖြစ်ပါသည်။
အဒေါ်၏ ဆေးကုသစရိတ်အတွက် အဝေးရောက် တူ၊ တူမ များက စုပေါင်းကာ လှမ်း၍ ငွေ ရှစ်သိန်းပို့ပေးပါသည်။ ပုဂ္ဂလိကဆေးရုံတွင် ဆေးကုသစရိတ်မှာ တစ်ရက် လျှင် ပျမ်းမျှ ရှစ်သောင်းခန့်ရှိသဖြင့် ဆယ်ရက်အကြာ၌

Feb 19, 2012

ကြယ်ကြွေတယ် ဆိုတာ


ကြယ်ကြွေတယ် ဆိုတာမြင်ရတဲ့ သူကသာကြည့်လို့ကောင်းတာပါ..................
ကြွေသူရင်မှာဘယ်လောက်နာကျင်ရတယ်ဆိုတာကြယ်လေးကိုယ်တိုင် ပဲသိတာပါ..............................

အမှားထဲကအမှန်တစ်ခု


"အမှား"
တကယ်ဆို ငါတို့တွေက
မှားယွင်းလို့ လူဖြစ်လာခဲ့ကြတာပါ၊
ငါတို့....
အမှားတွေကို ဖက်တွယ်ခဲ့တယ်၊
အမှားတွေရဲ့ ဖြားယောင်းမှုမှာ မိန်းမော်ခဲ့တယ်၊
အမှားကို အမှန်ထင်ပြီး

Feb 16, 2012

ပြတင်းပေါက်


တစ်ခါကဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေးတစ်ခုထဲမှာလူနှစ်ယောက်ရှိကြတယ်။
နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။

အခန်းလေးကကျဉ်းပြီးအပြင်လောကကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာပါသည်။
လူနာနှစ်ယောက်အနက် တစ်ယောက်ကနေ့လယ်ပိုင်းတွင်သူ့အဆုပ်ထဲကအရည်တွေ ပိုက်နှင့်စုပ်ထုတ်ရတာ ကိုအကြောင်းပြု့ပြီး တစ်နာရီခန့်ထိုင်ခွင့်ရသည်။

သူ့ခုတင်ကပြတင်းပေါက်အနီးတွင်ရှိနေသည်။ တစ်ဖက်ခုတင်ရှိ လူနာကတော့ တစ်ချိန်လုံးပက်လက်လှန်ကာစန့်စန့်ကြီးလှဲနေရသည်။

နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာက ခုတင်မှာခေါင်းအုံးတွေဘာတွေ ဆင့်ကာကျောမှီထိုင်ခွင့်ရတဲ့အချိန် အပြင်ဘက်ဆီက သူလှမ်းမြင်ရသည့် အရာတွေကိုအနီးရှိလူအားပြောပြလေ့ရှိသည်။

Feb 12, 2012

ငါးရဖို့က အဓိက


ကုမ္ပဏီ ၂၃ ခု၏အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း

မာဂျေ
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန် ကုမ္ပဏီကြား ကျပ် ၅,၀၀၀ တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။
နှစ်ဖက်စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက်ကမှန်ကြောင်း သက်သေတွေပြနေကြသည်။
မီဒီယာထက်တွင် စစ်တလင်းခင်းနေကြသည်။
ကြားထဲက ပြည်သူတွေမှာတော့ 'ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ' ဆိုသည့်စကားလို သက်သာသောနှုန်းထားဖြင့် ဖုန်းကိုင် ဆောင်ခွင့်အိပ်မက်များ ပျက်ပြယ်နေရသည်။
ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ၅,၀၀၀ တန် ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာလိုက်ချိန်တွင် ၀မ်းသာခဲ့ သော ပြည်သူများအတွက်လည်း မြန်မာ့ ဆက်သွယ်ရေးမှ ထိုကိစ္စဖြစ်ရန် အချိန်လိုပါသေးသည်ဟု ကြေညာချက်ထုတ် လိုက်သော အခါ ဖျတ်ခနဲ ၀မ်းသာရာကနေ ၀မ်းနည်းကြရတော့သည်။

၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ရန် စီစဉ်

လာမည့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံ မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြော ကြားသည်။ အဆိုပါ သန်းခေါင် စာရင်းကောက်ခံ အဆင့်လေးဆင့် သတ်မှတ်ပြီးဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊ အဆင့် ၁ အနေဖြင့် ကြိုတင်ပြင် ဆင်သည့် ကာလဖြစ်ပြီး အချိန် ၃၅ လကြာမြင့် မည်ဖြစ်ကြောင်း၊ အဆင့် ၂ အနေ ဖြင့် စာရင်း ကောက်ယူသည့် ကာလဖြစ်ပြီး၊ အဆင့် ၃ အနေ ဖြင့် စာရင်းများပြုစုသွားမည်ဖြစ်ကာ နောက်ဆုံး အဆင့် အနေဖြင့် စာရင်းအတိအကျ ထုတ်ပြန်သွား မည်ဖြစ်ကြောင်း၊ အစီစဉ် တစ်ခုလုံးအတွက် အချိန် လေးနှစ် နီးပါးကြာမြင့် မည်ဖြစ်ကြောင်းဆိုသည်။

ဧပြီလမှ စတင်၍ ရန်ကုန်မြို့တော်စည်ပင်မှ သတ်မှတ်သော ကြွပ်ကြွပ်အိတ်နှစ်မျိုးဖြင့်သာ အမှိုက်ပစ်ခွင့်ပြုမည်


နိုနိုအောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
ယခုနှစ် ဧပြီလမှ စတင်ခါ အမှိုက် စွန့်ပစ်မှု စနစ်များကို ပြောင်းလဲရမည်ဖြစ်ပြီး စည်ပင်မှ သတ်မှတ်ထားသော ကြွပ်ကြွပ်အိတ် နှစ်မျိုးဖြင့်သာ အမှိုက်များကို စွန့်ပစ်ရတော့မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြုလုပ်သော စာနယ်ဇင်းတွေ့ဆုံပွဲတွင် ပြောသည်။
"စည်ပင်က လေးခရိုင် လေးဖွဲ့ခွဲပြီး အမှိုက်တွေကို လိုက်လံသိမ်းဆည်းပေးနေပေမယ့် အနည်းနဲ့အများ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်နေ ကြတဲ့အတွက် မနိုင်ပါဘူး။ ဒါကြောင့် မြို့တော်သာယာဖို့ အခြေခံအကျဆုံးဖြစ်တဲ့ အမှိုက်စွန့်ပစ်တဲ့ စနစ်ကို ပြောင်းဖို့လိုအပ်ပါပြီ။ အိမ် မှာ သုံးမရတဲ့ ပစ္စည်းတွေကို မီးဖိုချောင်ထွက် အမှိုက်တွေနဲ့ ရောနှောစွန့်ပစ်တာ မသင့်တော်ဘူး"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူး ဦးသန်းလွင်ဦးက ယခုလ ၂ ရက် နေ့က ပြုလုပ်သော စာနယ်ဇင်းများနှင့် တွေ့ဆုံပွဲတွင်ပြောသည်။

အဆိုပါ သတ်မှတ်ရက်မှ စတင်ကာ အမှိုက်စွန့်ပစ်ရာတွင် ပြင်ပ ကြွပ်ကြွပ် အိတ်များကို သုံးစွဲခွင့်ရတော့မည် မဟုတ်သကဲ့သို့ စည်ပင်မှ ထုတ်လုပ်သည့် အစိမ်းနုရောင်နှင့် အပြာနုရောင်ရှိ အပျော့စား ပလတ်စတစ်အိတ်များတွင်

လှချင်သူများသတိထားအလှကုန်အချို့တွင် ကန့်သတ်ဓာတုပစ္စည်းပါဝင်နေ

မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြည်တွင်း၌ ရောင်းချနေသော အလှကုန်အချို့တွင်သုံးစွဲသူများအား အန္တရာယ်ဖြစ်စေသည့် ထည့်သွင်းသုံးစွဲခွင့်ပိတ်ပင်ထားသည့် ဓာတုပစ္စည်းအချို့ပါဝင်နေကြောင်း သုတေသနပြုလုပ်တွေ့ရှိခဲ့သည်။
ထိုသုတေသနတွေ့ရှိမှုအရ ပြည်တွင်း၌ ထုတ်လုပ်သည့် အလှကုန်ပစ္စည်းများတွင်သာမက ပည်ပနိုင်ငံများမှတင်သွင်းသည့် အလှကုန်များလည်း ပါဝင်နေသည်။
အလှကုန်များတွင် ဓာတုပစ္စည်းပေါင်းသောင်းနှင့်ချီ ပါဝင်နေပြီး  ထိုအထဲတွင်  သုတေသနရှာဖွေတွေ့ရှိမှုများအရဘေးထွက် ဆိုးကျိုးများကြီးမားသော အန္တရာယ်
ဖြစ်စေသည့်  ပစ္စည်းများအား နိုင်ငံတကာတွင်ထည့်သွင်းသုံးစွဲခွင့် ပိတ်ပင်ထားခဲ့ကြသည်။
ပြုလုပ်ထားသည့် သုတေသ နများတွင်

၂၀၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေး အလားအလာ

Photo
ယူရိုဇုန်ကြွေးမြီ အကျပ်အတည်းအား ဖြေရှင်းနိုင်လုနီး ပြီဟူ၍ ဥရောပခေါင်းဆောင် များက ဈေးကွက်များအား အယုံသွင်းရန် ပျက်ကွက်မှုနှင့်မကြာသေးမီကပေါ်ထွက်လာ ခဲ့သည့် နိုင်ငံများနှင့် ကော်ပိုရေးရှင်း ကြီးများအပေါ် မှုန်မှိုင်းသော အစီရင်ခံစာများကြောင့် ရှေ့လာမည့် နှစ်အတွက်ကမ္ဘာ့ စီးပွားရေး အလားအလာမှာ စိတ်ပျက်ဖွယ် ရာအခြေအနေနှင့် ရင်ဆိုင်နေရသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF)နှင့် အခြားထိပ်သီးဘဏ်များ၏ ရှေ့အလားအလာခန့်မှန်းချက်များမှာလည်း လစဉ်လိုလိုပင် အဆိုးဘက်သို့ လျှော့ချ လာခဲ့သည်။ လွန်ခဲ့သောတစ်နှစ်က ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့စီးပွား ရေးသည် ၄ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းခဲ့သောအိုင်အမ်ဖက်ဖ်က ၎င်း၏ ကမ္ဘာ့စီးပွားရေးအပေါ် ဇွန်လခန့်မှန်းချက်အား ၂ ဒသမ ၇ ရာခိုင်နှုန်းသာရှိမည်ဟု ပြင်ဆင်ခဲ့သည်။ မကြာခင်က