Aug 25, 2013

တန်ဖိုးရှိသော ပြိုင်ပွဲ


တစ်ခါက ရွာငယ်လေးတစ်ရွာမှာ အားကစားအလွန်လိုက်စားတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ အရွယ်အားဖြင့်လည်း ဆယ်ကျော်သက်အရွယ်ဆိုတော့ သိပ်ကို လန်းဆန်းတက်ကြွနေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အဲဒီရွာငယ်လေးမှာ အပြေးပြိုင်ပွဲတစ်ခု ကျင်းပဖို့ ရွာလူကြီးတွေက စီစဉ်ကြပါတယ်။ အဲဒီအခါ အားကစားအရမ်းလုပ်ချင်တဲ့ ယှဉ်ပြိုင်အနိုင်ရဖို့ သွေးဆာနေတဲ့ ကောင်လေးတစ်ယောက် အရမ်းကို သဘောကျနေပါတော့တယ်။

ဒီလိုနဲ့ ပြိုင်ပွဲနေ့ကို ရောက်ရှိလာခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း များသလို၊ အားပေးကြတဲ့သူတွေနဲ့ ပြိုင်ပွဲဟာ အင်မတန်ကို စည်ကားနေပါတော့တယ်။ လက်ခေါက်မှုတ်ပြီး အားပေးတဲ့သူက အားပေး၊ ဝီစီမှုတ်ပြီး အားပေးသံတွေ၊ ကိုယ်အားပေးမယ့်သူရဲ့ နာမည်ကို တွင်တွင်ခေါ်သံတွေနဲ့ ပြိုင်ပွဲဟာ တကယ်ကို စိတ်လှုပ်ရှားစရာ ဖြစ်နေပါတော့တယ်။ အားပေးတဲ့ ပရိတ်သတ်တွေထဲမှာ ပညာဥာဏ်နဲ့ ပြည့်စုံတဲ့ အဘိုးအို တစ်ယောက်လည်း ပါဝင်ပါတယ်။ ဒီလိုနဲ့ ပြိုင်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ပြိုင်နေကြပါပြီ။ ငြင်းသံခုန်သံ အော်ဟစ်သံ ကလည်း ပိုပြီး ဆူညံနေပါတော့တယ်။


ဒီလိုနဲ့ အားကစားသမားကောင်လေး ယှဉ်ပြိုင်ရမယ့် အလှည့်ကို ကျရောက်လို့ လာပါပြီ။ သူနဲ့အတူ အခြားနှစ်ယောက် ယှဉ်ပြိုင်ပြီး ပြေးရမှာပါ။ သူရဲ့ ပြိုင်ဘက် နှစ်ယောက်လုံးဟာ သူနဲ့ အသက်အရွယ်ချင်းရော၊ ကိုယ်ခန္ဓာတောင့်တင်းကြံ့ခိုင်မှုခြင်းရော

ကြယ်ငါးလေးရဲ့နှစ်လုံးသားမှတ်တမ်း (၁၃)

အချိန်​​တွေကကုစားတယ်​ဆိုတာ
တကယ်​​တမ်း​တော့အလကားပါ
မေ့မယ်​​မေ့မယ်​ဆိုပြီး​တော့သာ
ဒီဦး​နှောက်​က​ပြော​နေ​တာမှန်​ပေမဲ့
တကယ်​တမ်းမှာ​မေ့လို့မရခဲ့ပါဘူး
ဘာလို့လဲ... ဘာလို့လဲ...
ဘာ​တွေများရှိခဲ့လို့လဲ

ရင်​ထဲကအပြန်​အလှန်​ချစ်​ရတဲ့
ပုံပြင်​ထဲကချစ်​သူ​တွေလဲမဟုတ်​ခဲ့ပါဘူး
မင်းရင်​ထဲမှာရှိ​နေတဲ့သူဟာလဲ
ငါလဲလုံဝမဟုတ်​ခဲ့ပါဘူး
တကယ်​တမ်း​တော့မင်းနဲ့ငါဆိုတာ
သူငယ်​ချင်းထက်​တောင်​မပိုခဲ့တာပဲ

ဒါ​ပေမဲ့ငါ...
မင်းအ​ကြောင်းစဉ်းစားမိတဲ့အခါ
ဒီရင်​ထဲမှာဆွေး​နေတုန်း
အတန်းထဲ​လဲသွားမိတဲ့အခါ
မင်းနဲ့အတူထိုင်​ခဲ့ဖူးတဲ့ခုံ​လေးဟာ
ဒီရင်​ထဲမှာ အခုထိ​နွေး​နေတုန်း...

ဒါ​ပေမဲ့ငါ...
မင်းကို​ကျေးဇူးတင်​ပါတယ်​ကွာ
မင်းနဲ့ကျမှအချစ်​ဆိုတာ
လူကိုရူး​စေတဲ့အရာမှန်း
ငါသိခဲ့ရလို့ပါ
တကယ်​​တော့ငါ့အဖြစ်​ဟာ
မီး​တောက်​ထဲကပိုးဖလံထက်​​တောင်
ပိုပြီးရူးမိုက်​ခဲ့တာပါ​လေ...

ဘာပဲဖြစ်​ဖြစ်​ပါ​လေ
ငါချစ်​ရတဲ့မိန်းက​လေး
အမြဲထာဝရ​ပျော်​နိုင်​ပါ​စေ​လို့
ငါဆု​တွေ​တောင်းကာ​နေလျက်​... ヅ

                          မောင်ကြယ်ငါး

ကြယ်ငါးလေးရဲ့နှစ်လုံးသားမှတ်တမ်း (၁၂)

နုတ်​ဆက်​ခဲ့ပါတယ်​မိန်းက​လေးရယ်
လှပတဲ့မင်းရဲ့ ဘ၀​လေးဟာ
အစဉ်​သာယာနိုင်​ပါ​စေ​နော်
အဆင်​မ​ပြေတာ​တွေခဏ​မေ့ထားပြီး
ရဲ့ဝံစွာပဲဖြတ်​သန်းသွားလိုက်​ပါ
တကယ်​​တော့ဘ၀ဆိုတာ
နေတတ်​ရင်​​ပျော်​စရာပါပဲ​လေ

ငါလဲထွက်​သွားဖို့ရာ
အချိန်​တန်​​နေခဲ့ပါပြီ
ငါတစ်​​ယောက်​တည်းသာဆို​ပေမဲ့
မင်း​လေးကိုချစ်​မိလို့ဖြစ်​တည်​လာတဲ့
အချစ်​ဆိုတဲ့ခံစားချက်​​လေး
ဒီရင်​ထဲမှာပြန်​သိမ်းထားခဲ့တာမို့
ရဲဝံစွာပဲ​နောက်​ဆုတ်​ကာ
အတိတ်​က​နေထွက်​သွားပါ​တော့မယ်

အရာအားလုံးဟာလဲ
ဖြစ်​သင့်​လို့ဖြစ်​လာခဲ့တာမို့
ငါဝမ်းမနည်းမိပါဘူး​လေ
ငါအတွက်​​တော့အရာအားလုံးဟာ
အရင်​အတိုင်းပါပဲ​လေ
နာကျင်​​နေတာ​တွေခဏ​မေ့ထားပြီး
ရှေ့ဆက်​ကာသွား​တော့မယ်
အနာဂတ်အတွက်​လဲ​ခေါင်းမစား​တော့ပါ
ကြိုသိမထားတာပဲ​ကောင်းပါတယ်​​လေ

ဘာပဲဖြစ်​ဖြစ်​ပါ​လေ
ငါ့ရင်​ထဲကမိန်းက​လေး
အမြဲထာဝရ​ပျော်​နိုင်​ပါ​စေ... ヅ

ကြယ်ငါးလေးရဲ့နှစ်လုံးသားမှတ်တမ်း (၁၁)

Feb 23 ဆိတဲ့အဲဒီ​နေ့က
ခုထိငါမေ့မရ​သေးပါဘူး
တကယ်​တန်းငါ​မျှော်​လင့်​ခဲ့တာ
နင်​တစ်​​ယောက်ထဲသာဆိုပေမဲ့
တစ်​ခြားသူနဲ့အတူရောက်​လာမယ်​လို့
ငါတကယ်​ကိုထင်​မထားခဲ့တာပါ
မင်း​ရှေ့မှာငါပြုံးရယ်​​နေတာမှန်​​ပေမဲ့
ငါ့ရင်​ထဲမှာဟာ​နေခဲ့တာ
မင်းမသိခဲ့ပါဘူးမိန်းက​လေး
ဘာပဲဖြစ်​ဖြစ်​ငါ့ကံပါပဲ
ငါ့အတွက်​တော့နာကျင်​ရတယ်​ဆို​ပေမဲ့
မင်း​ပျော်​​နေရင်​​ငါကျေနပ်​ပါတယ်​​လေ

ခုချိန်​မှာ​တော့အလွမ်းနဲ့သာ
ငါစိတ်​ကိုငါဆုံးဖြတ်​ချက်​ချ
ရှေ့ဆက်​လို့လဲမရတော့ပါဘူး
မင်း​ဘေးမှာ ငါ​နေခဲ့ရပြီးပြီပဲ
ကံကြမ္မာကဒီ​လောက်​ပဲဆိုရင်​လဲ
ငါ​ကျေနပ်​စွာပဲ​နောက်​ဆုတ်​မယ်
မင်း​ဘေးနားမှာလဲငါ
အ​နှောင့်​အယှက်​မဖြစ်​ချင်​ပါဘူး
မင်း​လေးလည်းနားလည်​နိုင်​မှာပါ
ငါလဲအချစ်​မတတ်​ခဲ့လို့သာ
ဒီအတိုင်းကြည့်​​နေခဲ့ရတာပါ
ငါတကယ်​လည်းညံခဲ့ပါတယ်​​လေ

ဘာပဲဖြစ်​ဖြစ်​ပါ​လေ
ငါ့ရင်​ထဲကမိန်းက​လေး
အမြဲထာဝရ​ပျော်​နိုင်​ပါ​စေ​နော်​... ヅ

Aug 14, 2013

EQ လား IQ လား



ကျွန်တော်တို့ နိုင်ငံမှာ IQ မြင့်တဲ့သူတွေတော်တော် များများရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ ဘ၀မှာ မအောင်မြင်ဘဲ ရိုးရိုးသာမာန်ဘ၀နဲ့ ဘဲ ပြီးဆုံးသွားကြတယ်။ ဒါဟာ IQ မြင့်တိုင်းလည်း ခရီးမပေါက်တာတွေ့ ရတယ်၊ဘ၀မှာ အောင်မြင်ဖို့ EQ ဆိုတာလည်း အရေးကြီးပါတယ်။ EQ ဆိုတာ ဘာလည်းနဲ့  ဘယ်လိုမြင့်အောင်လုပ်မလဲ ဆိုတာ အောက်က ဆောင်းပါးလေးက ရှင်းပြပါလိမ့်မယ် ။

EQ လား IQ လား (ကောင်းထက်)

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူး တစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့်

Aug 10, 2013

ကြယ်ငါးလေးရဲ့နှစ်လုံးသားမှတ်တမ်း (၁၀)

လောကကြီးမှာ ဘယ်အရာမဆို
ကြိုသိမထားတာပဲကောင်းတယ်
ခုတော့ငါ ရူးနေရပြီပဲ

မလိုအပ်ပဲသိနှင့်ရတာ
ငါအတွက်ဖြစ်တည်လာတာလား
ခုတော့ငါ ဆွေးနေရပြီပဲ

ကံကြမ္မာရယ် ရက်စက်တယ်
ငါ့အတွက်မရှိချင်နေပါစေ
ဘာတွေများအပြစ်ပြုမိလို့လဲ

ရူးမိုက်တဲ့ ဒီနှစ်လုံးသားက
သိသိကြီးနဲ့ချစ်မိသွားတာမို့
အစားထိုးလို့တောင်မရခဲ့ပါ

ဘာတွေပဲဖြစ်နေပါစေ
ရင်ထဲကကွက်လပ်လေးမှာပဲ
ခင်တွယ်ကာနေတော့မယ်

နင့်အနားမှာငါမရှိနိုင်ပေမဲ့
အမြဲနင့်အတွက်ဆုတောင်းနေမယ်
မင်းလေးထာဝရပျော်ပါစေ...

                                မောင်ကြယ်ငါး

Aug 3, 2013

အညံ့ဆုံးအဖွဲ့ဝင်....

.
ကျွန်တော်အလယ်တန်းတုန်းက ကျောင်းမှာ အတန်းလိုက် ရူပဗေဒအသိပညာပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်။ အမှတ်တွေမြင့်အောင်၊ အဆင့်တွေရအောင် ဆရာမက ပြိုင်ပွဲရဲ့အရေးပါတဲ့အချက်တွေ ကျွန်တော်တို့ကို ပြောပြနေခဲ့တယ်။ အဲဒီနောက် ဆရာမက အတန်းနောက်ဆုံးမှာထိုင်နေတဲ့ ရူပဗေဒဘာသာမှာ အဆင့်အနိမ့်ဆုံးရ ကျောင်းသားဆီသွားပြီး "ဒီတစ်ခေါက် ရူပဗေဒအသိပညာပြိုင်ပွဲမှာ အဆင့်ချိတ်ဖို့ မင်းကို အားကိုးရလိမ့်မယ်" လို့ ခေါင်းကိုပွတ်သပ်ပြီး ပြောလိုက်ပါတယ်။

ဆရာမစကားကို တစ်တန်းလုံးက နားမလည်ခဲ့ကြဘူး။ ဒါကို ဆရာမက

Aug 2, 2013

ကြယ်ငါးလေးရဲ့ နှစ်လုံးသားမှတ်တမ်း (၉)

 နှစ်သက်မိပါတယ်
မင်းမျက်နာလေးကို
ငါကမင်းကိုချစ်နေမိတာကို

တမ်းတမိပါတယ်
မင်းစကားသံတွေကို
ငါကမင်းကိုချစ်နေမိတာကို

မြတ်နိုးမိပါတယ်
မင်းအပြုံးလေးတွေကို
ငါကမင်းကိုချစ်နေမိတာကို

သည်းခံနိုင်ပါတယ်
မင်းဆိုးသမျှကို
ငါကမင်းကိုချစ်နေရတာကို

နားလည်နိုင်ပါတယ်
မင်းလုပ်သမျှကို
ငါကမင်းကိုချစ်နေရတာကို

ခွင့်လွတ်နိုင်ပါတယ်
မင်းအားနည်းချက်များကို
ငါကမင်းကိုချစ်နေရတာကို

လွမ်းလို့နေပါတယ်
မင်းအနားငါမရှိနိုင်တဲ့အခါ
ငါကမင်းကိုချစ်မိနေတာကို

တမ်းတနေပါတယ်
ငါ့အနားမင်းမရှိတဲ့အခါ
ငါကမင်းကိုချစ်မိနေတာကို

သတိရနေပါတယ်
အနေဝေးသွားတဲ့အခါ
ငါကမင်းကိုချစ်မိနေတာကို...
                                    မောင်ကြယ်ငါး
 ===============================
ရေးခဲ့ပြီးသောအပိုင်းအစများ...
ကြယ်ငါးလေးရဲ့ နှစ်လုံးသားမှတ်တမ်း (၁) 
ကြယ်ငါးလေးရဲ့ နှစ်လုံးသားမှတ်တမ်း (၂) 
ကြယ်ငါးလေးရဲ့ နှစ်လုံးသားမှတ်တမ်း (၃) 
ကြယ်ငါးလေးရဲ့ နှစ်လုံးသားမှတ်တမ်း (၄) 
ကြယ်ငါးလေးရဲ့ နှစ်လုံးသားမှတ်တမ်း (၅)
ကြယ်ငါးလေးရဲ့ နှစ်လုံးသားမှတ်တမ်း (၆)
ကြယ်ငါးလေးရဲ့ နှစ်လုံးသားမှတ်တမ်း ()
ကြယ်ငါးလေးရဲ့ နှစ်လုံးသားမှတ်တမ်း ()