အထူးရီလေတီဗတီသီအိုရီ (The Special Theory of Relativity)
---------------------------------------------------------------------------------
အထူး ရီလေတီဗတီ သီအိုရီ ရဲ့  အဓိက အခြေခံအချက်နှစ်ချက်ကတော့
(၁) ရူပဗေဒ ရဲ့ နိယာမတွေ ဟာ ဘယ်အခြေအနေ မှာပဲရောက်နေရောက်နေ တစ်သမတ် ထဲ မပြောင်းမလဲရှိနေရမယ် ၊
(၂) အလင်းရဲ့ အလျှင်ဟာ ဘယ်သူ့ အတွက်မဆို ဘယ်လိုတိုင်းတိုင်း တသတ်မတ် ထဲ ကိန်းသေတစ်ခုအနေနဲ့ ရှိနေရမယ် ။
Newton တင်မက Maxwell ရဲ့  အလင်းဆိုင်ရာ သီအိုရီပါ
ထည့်ပြီးစဉ်းစားလိုက်တာပဲဖြစ်ပါတယ် ။ ဒီ သီအိုရီ လေး ဟာ
ကြည့်ရင်သာရိုးရှင်းပြီး ဘာမှမဟုတ်ဘူး ထင်ရပေမဲ့ တကယ်က အရမ်းကို နက်နဲ တဲ့
သီအိုရီဖြစ်ပါတယ်။ Einstein ဟာ ဒြပ်ထုတည်မြဲမှု နိယာမ ( Law of
Conservation of Mass) နဲ့ စွမ်းအင်တည်မြဲမှု နိယာမ ( Law of Conservation
of Energy ) နှစ်ခုကိုလဲပေါင်းစပ်ခဲ့ပါသေးတယ် ။ ဒြပ်ထု ဟာလဲ စွမ်းအင်
ကိုပြောင်းလဲနိုင်သလို စွမ်းအင် ဟာ လဲ ဒြပ်ထုအဖြစ်ပြောင်းလဲနိုင်ပါတယ် လို
့ဆိုပါတယ် ။ ဒါဟာ အထူး ရီလေတီဗတီ သီအိုရီ ကို အခြေခံထားတဲ့ သဘောတရားပါ ။
အထူးကျော်ကြားလှတဲ့ E=mc^2 ဆိုတဲ့ ညီမျှခြင်း အရ မည်သည့်အရာကမျှ
အလင်းထက်ပိုမြန်မြန်မသွားလာနိုင် ဆိုတဲ့ နိယာမ ၊ အလျှင်ကြောင့်
အချိန်ပြောင်းလဲခြင်း တို့ ဟာ အထူးရီလေတီဗဒီ သီအိုရီ ရဲ့ နောက်ဆက်တွဲ တွေ
ပဲပေါ့ ။ ဘာလို့  အလင်းထက် မြန်မြန်မသွားနိုင်တာလဲကတော့ ရှင်းပါတယ် ။
E=mc^2 အရ စွမ်းအင် နဲ့  ဒြပ်ထုမှာ တိကျတဲ့ ညီမျှချက်တစ်ခုရှိပါတယ် ။
အရာဝတ္ထုတစ်ခု ဟာ အရှိန်များများနဲ့ သွားလေ သူ့ ရဲ့  ဒြပ်ထု ဟာ
ပိုပိုကြီးလာပါတယ် ။ ဒါ ဟာ သာမန်ကျွန်တော်တို့ နေ့ စဉ် သွားလာနေတဲ့ကား ၊
အဆုံးစွန်ဆုံး ဆိုရရင် အသံထက်မြန်တယ်ဆိုတဲ့ ဂျက်လေယဉ်တွေမှာတောင်
ဘာမှမသိသာပါဘူး ။ အလင်းအလျင်နား ကပ်လာလေလေ ဒြပ်ထုဟာတိုးလာလေလေဖြစ်ပီး
အလင်းရဲ့ အလျှင်နဲ့ ခရီးသွားတဲ့အခါမှာကျတော့ ခင်ဗျား ရဲ့ ဒြပ်ထု ဟာ အနန္တ
(Infinity)
Labels
နောက်ဆုံးတင်ခဲ့တာတွေ...
Dec 17, 2014
အချိန်-ဟင်းလင်းပြင် (သို့ မဟုတ်) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း - အပိုင်း (၃) ( သော်ဇင်ထွန်း )
Previously on the Theory of Relativity : အလေးချိန်မတူတဲ့အရာနှစ်ခု အမြင့်တစ်ခုကနေ ပြုတ်ကျတဲ့အခါမှာ မြေပြင်ပေါ်တစ်ချိန်ထဲရောက်တယ်ဆိုတာ
ကို Galileo က သက်သေပြခဲ့ပါတယ် ။Newton က သင်္ချာနည်းအရရှင်းပြခဲ့ပါတယ်။
ဒီအဆိုကိုအခြေခံပြီး သူ က ရွေ့ လျားမှုဆိုင်ရာ နိယာမ ၃ ခုကိုထုတ်ခဲ့ပါတယ် ။
ဒီနိယာမတွေကိုချဲ့ စဉ်းစားတဲ့အခါ ပကတိ ဟင်းလင်းပြင် (absolute space)
ဆိုတဲ့အယူအဆ ကို လူတွေက ပယ်ခဲ့ပါတယ် ။
Now...
အလင်းရဲ့ အလျှင်
--------------------
ကျွန်တော်တို့ လူသားတွေဟာ Newton ပြီးတော့ နောက်နှစ်များစွာမှာ ဒီ ရွေ့လျားမှုဆိုင်ရာ နိယာမ သုံးခု ( Newton’s three laws of motion) ကို စိတ်ချစွာ အခြေအနေတိုင်းမှာ အသုံးချနေခဲ့ပါတယ် ။ ကျွန်တော်တို့ ရဲ့ အသုံးချမှုတွေဟာ ကားမောင်းတာမျိုး ၊ သာမန် ပစ္စည်းတွေ ရွေ့ လျားသွားလာတာမျိုး တွေ လောက်မှာတော့ မှန်ကန်နေပေမဲ့ အရာဝတ္ထုတွေဟာ အလင်းရဲ့ အလျှင်နဲ့ သွားတာကို လေ့လာတဲ့အခါမှာတော့ ကမောက်ကမ တွေ ဖြစ်လာပါတော့တယ် ။
တကယ်တမ်းအလင်းရဲ့ အလျှင်ဟာ အနန္တကိန်းတစ်ခုမဟုတ်ဘူး (တိကျတဲ့အလျှင်တစ်ခုရှိရမယ်) ဆိုတဲ့ အယူကို ကိုင်ပြီးတွက်ချက်ခဲ့သူဟာ Ole Christensen Roemer ဆိုတဲ့ နက္ခတ္တဗေဒ ပညာရှင်တစ်ဦးပါ ။ ဂျူပီတာဂြိုဟ် ရဲ့ လ ဟာ ဂျူပီတာ ဂြိုဟ် ကိုပတ်တာကိုကြည့်ပြီး သူတွက်ချက်ခဲ့တာပါ ။ (တွက်ချက်ပုံအသေးစိတ်ကို မဖော်ပြတော့ပါ ။ ) အလင်းရဲ့ အလျင်ဟာ တစ်စက္ကန့် မှာ မိုင်ပေါင်း ၁၄၀၀၀၀ သွားနိုင်တယ်လို့ တွက်ချက်ခဲ့ပါတယ် ။ Roemer ရဲ့ တွက်ချက်မှုက အဖြေဟာ အတိအကျကြီးတော့ မဟုတ်သေးပေမဲ့ တော်တော်ကို ကောင်းတယ်လို့ ပြောလို့ ရပါတယ် ။ Newton မတိုင်ခင်ဆယ်နှစ်လောက်ကတွက်ခဲ့တာပါ ။ ဒါပေမဲ့ Newton ရဲ့ ပကတိဟင်းလင်းပြင်အယူအဆ ကို ပယ်ဖျောက်ခဲ့တဲ့ တဲ့ နိယာမတွေ နောက်ပိုင်းမှာတော့ ဒီအလင်းအလျှင် ဟာ တိကျတဲ့ နှုန်းတစ်ခုရှိရမယ်လို့ လူတွေဟာ မယုံကြည်တော့ပါဘူး ။
နောက်ထပ်အလင်းနဲ့ ပတ်သတ်တဲ့ တိကျတဲ့ သီအိုရီတွေ ကို James Clerk Maxwell ဟာ ၁၈၆၅ ခုနှစ်မှာ ထုတ်ခဲ့ပါတယ် ။ Maxwell ရဲ့ နိယာမ တွေအရ ဆိုရင် အလင်းဟာ တိကျသေချာတဲ့ နှုန်းတစ်ခုနဲ့ သွားရပါမယ် ။ တစ်နည်းအားဖြင့် အလင်းအလျှင်ဟာ ကိန်းသေတစ်ခု ဖြစ်နေရမယ် ။ ဒါပေမဲ့ ဒီမှာ ငြင်းစရာတွေဖြစ်လာပါပြီ ။ Newton ရဲ့ နိယာမတွေ အရဆိုရင် ကျွန်တော်တို့ ဟာ ပကတိဟင်းလင်းပြင် ရဲ့ အယူအဆ ကို ပယ်ထုတ်လိုက်ပြီးပြီ ။ ပကတိဟင်းလင်းပြင် မရှိတဲ့ အချိန်မှာ တိကျသေချာတဲ့ အရှိန် တစ်ခုကို ရဖို့ ဆိုတာ အဓိပ္ပာယ်မရှိတော့ဘူးလေ ။ အရှိန်ဆိုတာ အတိုင်း အတာ (Displacement) ကိုတည်ပြီး အချိန် (Time) (အချိန်ကို ပကတိတန်ဖိုးရှိတယ်လို့ ယူဆထား) နဲ့ စားထားတာပါ ။ ပကတိအတိုင်းအတာလို့ မှမရှိတဲ့အခါမှာတော့ တိကျတဲ့ အရှိန် (သို့ ) ကိန်းသေ အရှိန် တစ်ခု ဆိုတာလဲ

အမျိုးအစား
သိမှတ်စရာများ,
အထွေထွေမှတ်စု
Dec 16, 2014
အချိန်-ဟင်းလင်းပြင် (သို့ မဟုတ်) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း - အပိုင်း (၂) ( သော်ဇင်ထွန်း )
"Previously on the Relativity Theory" - Aristotle အရဆိုရင် အရာဝတ္ထုနှစ်ခု ဟာ အမြင့်တစ်ခု က နေ ပြုတ်ကျတဲ့အခါ
မှာ ဒြပ်ထုပိုကြီးတဲ့အရာ ဟာ ပိုပြီး မြန်မြန်ကျမယ်လို့ ဆိုပါတယ် ။ Galileo
ဟာ Aristotle ရဲ့ အဲ့ဒီ နိယာမ မှားကြောင်း ကို ချောမွေ့ နေတဲ့ ကုန်းဆင်း
လေးတစ်ခုကနေ သူ ဟာ အလေးချိန်မတူတဲ့ ဘောလုံးနှစ်ခုကို (အချိန်တစ်ခုထဲမှာ)
လှိမ့်ချခဲ့ရာ ကနေ ပြီး ဒီဘောလုံးနှစ်ခုဟာ မြေပြင်ပေါ်ကို
တစ်ချိန်ထဲကျရောက်တယ်ဆိုတာ နဲ့ ပြခဲ့ပါတယ် ။
"NOW" ......
Newton ရဲ့  ရွေ့ လျားခြင်း နိယာမသုံးခု
----------------------------------------------------------
အလေးချိန်မတူတဲ့အရာဝတ္ထုတွေတစ်ချိန်ထဲကျတဲ့အချက် ကို အခြေခံပြီးတော့ Newton ဟာ သူ့ ရဲ့ ရွေ့လျားမှုနိယာမတွေကိုတွက်ထုတ်ခဲ့ပါတယ် ။ ခုနက ချောမွေ့ တဲ့ ကုန်းဆင်းလေး ကို ပြန်ကြည့်ရအောင် ။ သူတို့ နှစ်ခုပေါ် သက်ရောက်နေတဲ့ အား ဟာ သူ တို့ ရဲ့ အလေးချိန်တွေပါပဲ ။ ပြောရမယ်ဆိုရင်တော့ Net Force လို့ ခေါ်တဲ့ ပြင်ပအား သက်ရောက်မှုမရှိဘူးပေါ့ ။ ပြင်ပအားတစ်ခုသာသက်ရောက်လိုက်မယ်ဆို၇င် သူတို့ ရဲ့  ကျနှုန်းတူတာမှာမဟုတ်ဘူး ။ အား သက်ရောက်ခံရတဲ ကောင်က ပိုပြီး မြန်မြန်ရွေ့တော့မှာပေါ့ ။ အဲ့ဒီတော့ ကောက်ချက် ချလို့ ရတာ က “အား” လို့ ခေါ်တဲ့ Force ဆိုတဲ့ အရာ ရဲ့ အဓိက အကျိုးသက်ရောက်မှု ဟာ အရှိန်ကို ပြောင်းလဲစေတာပေါ့ ။ အရင်က Aristotle ယူဆခဲ့သလို စတင် ပြီးရွေ့လျားဖို့ တစ်ခုထဲအတွက်မဟုတ်ဘူးပေါ့ ။ တစ်နည်းအားဖြင့် ရွေ့ လျား နေတဲ့ အရာဝတ္ထုတစ်ခု ဟာ ပြင်ပအားတစ်ခု၏ သက်ရောက်မှုကိုမခံရမခြင်း သူ့ ရဲ့  နဂို အရှိန်နှုန်းဖြင့်သာဆက်လက်သွားလာနေမယ် လို့ ဆိုလိုပါတယ် ။ ဒီအဆို ကို နဲနဲရင်းနှီးသလိုများမဖြစ်မိဘူး လား?? ၁၆၈၇ ခုနှစ်မှာ “Principia Mathematica” လို့ ခေါ်လို့ တဲ့ Sir Isaac Newton ရေးသားခဲ့တဲ့ စာအုပ်မှာ

အချိန်-ဟင်းလင်းပြင် (သို့ မဟုတ်) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း - အပိုင်း (၁) ( သော်ဇင်ထွန်း )
Newton ဆိုတဲ့ သိပ္ပံဘုရင် တစ်ပါး ကိုမေးခွန်း ပြန်ထုတ်ရဲ ခဲ့တဲ့ Einstein ဆိုတဲ့ လူငယ်လေး တစ်ယောက် ကြောင့် ကျွန်တော်တို့ လူသားတွေရဲ့ သမိုင်းဟာ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရပါတယ် ။ Issue 6 မှာပါခဲ့တဲ့ဆောင်းပါးကို နဲနဲအကျဉ်းချုပ် ၊ အပိုင်းတွေ ခွဲပြီး နေ့ စဉ်တင်ပေးသွားပါ့မယ် ။ Interstellar လဲရန်ကုန်မှာရုံတင်တဲ့အချိန် ၊ ပြီးတော့ ရီလေတီဗတီ သဘောတရား ကို လဲမေးနေကြတယ်ဆိုတော့ ဒီအခန်းဆက် ဆောင်းပါးမှာ ကျွန်တော်နဲ့  ရီလေတီဗတီ အကြောင်းတူတူလေ့လာရအောင်နော် ။
ပကတိ (Absolute) နဲ့  နှိုင်းရ (Relative)
----------------------------------------------
ပကတိ (absolute) ဆိုတာ တစ်ခြားသော အရာတွေအပေါ်မှာ မူတည်ခြင်းမရှိဘဲ သူ့ သတ်မှတ်ချက် တစ်ခု ကို သူ လိုက်နာနေတာကိုပြောတာပါ ။ နှိုင်းရ (Relative) ဆိုတာ က တော့ တစ်ခြားသော အရာတွေပေါ်မှာ မူတည်ပြီး ပြောင်းလဲ တတ်တာ ဆိုလိုတာပါ ။ လွယ်လွယ်ဆိုရင် ပကတိဆိုတာကတော့ ဘယ်တော့မှ မျက်နှာ မများ ၊ တစ်ခြားကောင်မလေးတွေဘယ်လောက်ပဲလှနေပါစေ ဘယ်တွေပဲဖြစ်နေဖြစ်နေ သူ့ ကောင်မလေး တစ်ယောက်ကလွဲရင် တစ်ခြားသူ ကိုစိတ်မ၀င်စားတဲ့ ကောင်လေးပေါ့ ။ နှိုင်းရ ဆိုတာကတော့
အမျိုးအစား
သိမှတ်စရာများ,
အထွေထွေမှတ်စု
Subscribe to:
Posts (Atom)