Jun 17, 2012

ဇူလိုင်လဆန်းတွင် ဈေးဝယ်ကတ်စနစ် စတင်အသုံးပြုမည်



သမ၀ါယမဘဏ်တွင် ATM ကဒ်အသုံးပြုသူတစ်ဦး ငွေထုတ်ယူ
နေသည်ကို တွေ့ရစဉ် ။
ဓာတ်ပုံ - ကောင်းထက်

အေးသီတာကျော် ( Myanmar Times Weekly Business Journal )
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)

ပြည်တွင်းပုဂ္ဂလိကဘဏ်များ တစ်ခု   နှင့်တစ်ခုကွန်ရက်ချိတ်ဆက်  နိုင်သည့်   ဈေးဝယ်ကတ်ဝန်ဆောင်မှုစနစ် (Debit Card) ကို ဇူလိုင် လတွင် စတင်နိုင်တော့ မည်ဖြစ်ကြောင်း ဘဏ်တာဝန်ရှိသူများက ပြောသည်။
Myanmar Payment Union (MPU) ၏ ပထမအဆင့်အရ ATMစနစ်ဖြင့် ပုဂ္ဂလိကဘဏ်ခြောက်ဘဏ်မှ ၎င်းတို့၏ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများတွင် အလိုလျောက် ငွေထုတ်ပေးသည့် ၀န်ဆောင်မှု (Intra Bank Network)ကို ယမန်နှစ်နိုဝင်ဘာလမှ စတင်ခဲ့ပြီး ယခုနှစ်ဇူလိုင်လ Debit Card စနစ်သုံးခွင့် ရချိန်တွင် ပြည်တွင်းဘဏ်အချင်းချင်း ချိတ်ဆက်သုံးစွဲ နိုင်သည့်စနစ် (Inter Bank Network) ကို စတင်နိုင်မည် ဖြစ်သည်။

ငွေစက္ကူသစ်ကြောင့် ပြောင်းလဲမှုများရှိနိုင်


စတင်အသုံးပြုမည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအသစ်အား 
တွေ့ရစဉ် ။
ဓာတ်ပုံ - သတင်းနှင့် ပြန်ကြားရေး ၀က်ဘ်ဆိုက်

ဂျူးလိယက်နှင့် အေးသီတာ
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)


 


 မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇွန်လ ၁၅ ရက်နေ့တွင် တစ်သောင်း ကျပ်တန် ငွေစက္ကူအမျိုးစားသစ်ကို စတင်ထုတ်ဝေတော့မည်ဖြစ် ကြောင်း  ဇွန်လ ၇ ရက်နေ့က ကြေညာခဲ့ခြင်းကြောင့်ဈေးကွက်အတွင်း   ငွေကြေးဖောင်းပွမှုနှင့်အတူ နိုင်ငံ ခြားငွေလဲနှုန်းလည်း   မြင့်တက်လာနိုင် ကြောင်း ပြည်တွင်းစီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များကခန့်မှန်းသည်။
အစိုးရအနေဖြင့် ကုန်သွယ်မှုနှင့် စီးပွားရေးကဏ္ဍ အသီးသီးတွင်အဆင် ပြေစေပြီး ငွေလဲနှုန်းမြင့် တက်လာရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက် လျက်ရှိရာ ကားတင်သွင်းသည့်မူဝါဒကို အသစ်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းမှာ လည်း တစ်ခုအပါအ၀င်ဖြစ်ပြီး အဆိုပါ မူဝါဒ ထွက်ပေါ်လာပြီးနောက်ပိုင်း   ဒေါ်လာဈေးလည်း အနည်းငယ်မြင့် တက်လာခဲ့သည်။
လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုး တက်လာခြင်းသည် ပို့ကုန်လုပ် ငန်းများ အတွက် တွက်ခြေမကိုက်ကြောင်းနှင့် စုစုပေါင်းဝယ်လိုအား ကျခြင်းကို ဖြစ်ပေါ် စေသည်ဟု စီးပွားရေးပညာရှင် ဒေါက်တာ မောင်အောင် က ပြောသည်။