Dec 17, 2014

အချိန်-ဟင်းလင်းပြင် (သို့မဟုတ်) ရီလေတီဗတီသို့ ခြေလှမ်းစတင်ခြင်း (အပိုင်း-၄) (သော်ဇင်ထွန်း)

အထူးရီလေတီဗတီသီအိုရီ (The Special Theory of Relativity)
---------------------------------------------------------------------------------

အထူး ရီလေတီဗတီ သီအိုရီ ရဲ့  အဓိက အခြေခံအချက်နှစ်ချက်ကတော့

(၁) ရူပဗေဒ ရဲ့ နိယာမတွေ ဟာ ဘယ်အခြေအနေ မှာပဲရောက်နေရောက်နေ တစ်သမတ် ထဲ မပြောင်းမလဲရှိနေရမယ် ၊
(၂) အလင်းရဲ့ အလျှင်ဟာ ဘယ်သူ့ အတွက်မဆို ဘယ်လိုတိုင်းတိုင်း တသတ်မတ် ထဲ ကိန်းသေတစ်ခုအနေနဲ့ ရှိနေရမယ် ။

Newton တင်မက Maxwell ရဲ့  အလင်းဆိုင်ရာ သီအိုရီပါ ထည့်ပြီးစဉ်းစားလိုက်တာပဲဖြစ်ပါတယ် ။ ဒီ သီအိုရီ လေး ဟာ ကြည့်ရင်သာရိုးရှင်းပြီး ဘာမှမဟုတ်ဘူး ထင်ရပေမဲ့ တကယ်က အရမ်းကို နက်နဲ တဲ့ သီအိုရီဖြစ်ပါတယ်။ Einstein ဟာ ဒြပ်ထုတည်မြဲမှု နိယာမ ( Law of Conservation of Mass) နဲ့ စွမ်းအင်တည်မြဲမှု နိယာမ ( Law of Conservation of Energy ) နှစ်ခုကိုလဲပေါင်းစပ်ခဲ့ပါသေးတယ် ။ ဒြပ်ထု ဟာလဲ စွမ်းအင် ကိုပြောင်းလဲနိုင်သလို စွမ်းအင် ဟာ လဲ ဒြပ်ထုအဖြစ်ပြောင်းလဲနိုင်ပါတယ် လို့ ဆိုပါတယ် ။ ဒါဟာ အထူး ရီလေတီဗတီ သီအိုရီ ကို အခြေခံထားတဲ့ သဘောတရားပါ ။ အထူးကျော်ကြားလှတဲ့ E=mc^2 ဆိုတဲ့ ညီမျှခြင်း အရ မည်သည့်အရာကမျှ အလင်းထက်ပိုမြန်မြန်မသွားလာနိုင် ဆိုတဲ့ နိယာမ ၊ အလျှင်ကြောင့် အချိန်ပြောင်းလဲခြင်း တို့ ဟာ အထူးရီလေတီဗဒီ သီအိုရီ ရဲ့ နောက်ဆက်တွဲ တွေ ပဲပေါ့ ။ ဘာလို့  အလင်းထက် မြန်မြန်မသွားနိုင်တာလဲကတော့ ရှင်းပါတယ် ။ E=mc^2 အရ စွမ်းအင် နဲ့  ဒြပ်ထုမှာ တိကျတဲ့ ညီမျှချက်တစ်ခုရှိပါတယ် ။ အရာဝတ္ထုတစ်ခု ဟာ အရှိန်များများနဲ့ သွားလေ သူ့ ရဲ့  ဒြပ်ထု ဟာ ပိုပိုကြီးလာပါတယ် ။ ဒါ ဟာ သာမန်ကျွန်တော်တို့ နေ့ စဉ် သွားလာနေတဲ့ကား ၊ အဆုံးစွန်ဆုံး ဆိုရရင် အသံထက်မြန်တယ်ဆိုတဲ့ ဂျက်လေယဉ်တွေမှာတောင် ဘာမှမသိသာပါဘူး ။ အလင်းအလျင်နား ကပ်လာလေလေ ဒြပ်ထုဟာတိုးလာလေလေဖြစ်ပီး အလင်းရဲ့ အလျှင်နဲ့ ခရီးသွားတဲ့အခါမှာကျတော့ ခင်ဗျား ရဲ့ ဒြပ်ထု ဟာ အနန္တ (Infinity)

အချိန်-ဟင်းလင်းပြင် (သို့ မဟုတ်) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း - အပိုင်း (၃) ( သော်ဇင်ထွန်း )

Previously on the Theory of Relativity : အလေးချိန်မတူတဲ့အရာနှစ်ခု အမြင့်တစ်ခုကနေ ပြုတ်ကျတဲ့အခါမှာ မြေပြင်ပေါ်တစ်ချိန်ထဲရောက်တယ်ဆိုတာ ကို Galileo က သက်သေပြခဲ့ပါတယ် ။Newton က သင်္ချာနည်းအရရှင်းပြခဲ့ပါတယ်။ ဒီအဆိုကိုအခြေခံပြီး သူ က ရွေ့ လျားမှုဆိုင်ရာ နိယာမ ၃ ခုကိုထုတ်ခဲ့ပါတယ် ။ ဒီနိယာမတွေကိုချဲ့ စဉ်းစားတဲ့အခါ ပကတိ ဟင်းလင်းပြင် (absolute space) ဆိုတဲ့အယူအဆ ကို လူတွေက ပယ်ခဲ့ပါတယ် ။ 

Now...


အလင်းရဲ့ အလျှင်
--------------------

ကျွန်တော်တို့ လူသားတွေဟာ Newton ပြီးတော့ နောက်နှစ်များစွာမှာ ဒီ ရွေ့လျားမှုဆိုင်ရာ နိယာမ သုံးခု ( Newton’s three laws of motion) ကို စိတ်ချစွာ အခြေအနေတိုင်းမှာ အသုံးချနေခဲ့ပါတယ် ။ ကျွန်တော်တို့ ရဲ့ အသုံးချမှုတွေဟာ ကားမောင်းတာမျိုး ၊ သာမန် ပစ္စည်းတွေ ရွေ့ လျားသွားလာတာမျိုး တွေ လောက်မှာတော့ မှန်ကန်နေပေမဲ့ အရာဝတ္ထုတွေဟာ အလင်းရဲ့ အလျှင်နဲ့ သွားတာကို လေ့လာတဲ့အခါမှာတော့ ကမောက်ကမ တွေ ဖြစ်လာပါတော့တယ် ။
တကယ်တမ်းအလင်းရဲ့ အလျှင်ဟာ အနန္တကိန်းတစ်ခုမဟုတ်ဘူး (တိကျတဲ့အလျှင်တစ်ခုရှိရမယ်) ဆိုတဲ့ အယူကို ကိုင်ပြီးတွက်ချက်ခဲ့သူဟာ Ole Christensen Roemer ဆိုတဲ့ နက္ခတ္တဗေဒ ပညာရှင်တစ်ဦးပါ ။ ဂျူပီတာဂြိုဟ် ရဲ့ လ ဟာ ဂျူပီတာ ဂြိုဟ် ကိုပတ်တာကိုကြည့်ပြီး သူတွက်ချက်ခဲ့တာပါ ။ (တွက်ချက်ပုံအသေးစိတ်ကို မဖော်ပြတော့ပါ ။ ) အလင်းရဲ့ အလျင်ဟာ တစ်စက္ကန့် မှာ မိုင်ပေါင်း ၁၄၀၀၀၀ သွားနိုင်တယ်လို့ တွက်ချက်ခဲ့ပါတယ် ။ Roemer ရဲ့ တွက်ချက်မှုက အဖြေဟာ အတိအကျကြီးတော့ မဟုတ်သေးပေမဲ့ တော်တော်ကို ကောင်းတယ်လို့ ပြောလို့ ရပါတယ် ။ Newton မတိုင်ခင်ဆယ်နှစ်လောက်ကတွက်ခဲ့တာပါ ။ ဒါပေမဲ့ Newton ရဲ့ ပကတိဟင်းလင်းပြင်အယူအဆ ကို ပယ်ဖျောက်ခဲ့တဲ့ တဲ့ နိယာမတွေ နောက်ပိုင်းမှာတော့ ဒီအလင်းအလျှင် ဟာ တိကျတဲ့ နှုန်းတစ်ခုရှိရမယ်လို့ လူတွေဟာ မယုံကြည်တော့ပါဘူး ။

နောက်ထပ်အလင်းနဲ့ ပတ်သတ်တဲ့ တိကျတဲ့ သီအိုရီတွေ ကို James Clerk Maxwell ဟာ ၁၈၆၅ ခုနှစ်မှာ ထုတ်ခဲ့ပါတယ် ။ Maxwell ရဲ့ နိယာမ တွေအရ ဆိုရင် အလင်းဟာ တိကျသေချာတဲ့ နှုန်းတစ်ခုနဲ့ သွားရပါမယ် ။ တစ်နည်းအားဖြင့် အလင်းအလျှင်ဟာ ကိန်းသေတစ်ခု ဖြစ်နေရမယ် ။ ဒါပေမဲ့ ဒီမှာ ငြင်းစရာတွေဖြစ်လာပါပြီ ။ Newton ရဲ့ နိယာမတွေ အရဆိုရင် ကျွန်တော်တို့ ဟာ ပကတိဟင်းလင်းပြင် ရဲ့ အယူအဆ ကို ပယ်ထုတ်လိုက်ပြီးပြီ ။ ပကတိဟင်းလင်းပြင် မရှိတဲ့ အချိန်မှာ တိကျသေချာတဲ့ အရှိန် တစ်ခုကို ရဖို့ ဆိုတာ အဓိပ္ပာယ်မရှိတော့ဘူးလေ ။ အရှိန်ဆိုတာ အတိုင်း အတာ (Displacement) ကိုတည်ပြီး အချိန် (Time) (အချိန်ကို ပကတိတန်ဖိုးရှိတယ်လို့ ယူဆထား) နဲ့ စားထားတာပါ ။ ပကတိအတိုင်းအတာလို့ မှမရှိတဲ့အခါမှာတော့ တိကျတဲ့ အရှိန် (သို့ ) ကိန်းသေ အရှိန် တစ်ခု ဆိုတာလဲ

Dec 16, 2014

အချိန်-ဟင်းလင်းပြင် (သို့ မဟုတ်) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း - အပိုင်း (၂) ( သော်ဇင်ထွန်း )

"Previously on the Relativity Theory" - Aristotle အရဆိုရင် အရာဝတ္ထုနှစ်ခု ဟာ အမြင့်တစ်ခု က နေ ပြုတ်ကျတဲ့အခါ မှာ ဒြပ်ထုပိုကြီးတဲ့အရာ ဟာ ပိုပြီး မြန်မြန်ကျမယ်လို့ ဆိုပါတယ် ။ Galileo ဟာ Aristotle ရဲ့ အဲ့ဒီ နိယာမ မှားကြောင်း ကို ချောမွေ့ နေတဲ့ ကုန်းဆင်း လေးတစ်ခုကနေ သူ ဟာ အလေးချိန်မတူတဲ့ ဘောလုံးနှစ်ခုကို (အချိန်တစ်ခုထဲမှာ) လှိမ့်ချခဲ့ရာ ကနေ ပြီး ဒီဘောလုံးနှစ်ခုဟာ မြေပြင်ပေါ်ကို တစ်ချိန်ထဲကျရောက်တယ်ဆိုတာ နဲ့ ပြခဲ့ပါတယ် ။

"NOW" ......

Newton ရဲ့  ရွေ့ လျားခြင်း နိယာမသုံးခု
----------------------------------------------------------
အလေးချိန်မတူတဲ့အရာဝတ္ထုတွေတစ်ချိန်ထဲကျတဲ့အချက် ကို အခြေခံပြီးတော့ Newton ဟာ သူ့ ရဲ့ ရွေ့လျားမှုနိယာမတွေကိုတွက်ထုတ်ခဲ့ပါတယ် ။ ခုနက ချောမွေ့ တဲ့ ကုန်းဆင်းလေး ကို ပြန်ကြည့်ရအောင် ။ သူတို့ နှစ်ခုပေါ် သက်ရောက်နေတဲ့ အား ဟာ သူ တို့ ရဲ့ အလေးချိန်တွေပါပဲ ။ ပြောရမယ်ဆိုရင်တော့ Net Force လို့ ခေါ်တဲ့ ပြင်ပအား သက်ရောက်မှုမရှိဘူးပေါ့ ။ ပြင်ပအားတစ်ခုသာသက်ရောက်လိုက်မယ်ဆို၇င် သူတို့ ရဲ့  ကျနှုန်းတူတာမှာမဟုတ်ဘူး ။ အား သက်ရောက်ခံရတဲ ကောင်က ပိုပြီး မြန်မြန်ရွေ့တော့မှာပေါ့ ။ အဲ့ဒီတော့ ကောက်ချက် ချလို့ ရတာ က “အား” လို့ ခေါ်တဲ့ Force ဆိုတဲ့ အရာ ရဲ့ အဓိက အကျိုးသက်ရောက်မှု ဟာ အရှိန်ကို ပြောင်းလဲစေတာပေါ့ ။ အရင်က Aristotle ယူဆခဲ့သလို စတင် ပြီးရွေ့လျားဖို့ တစ်ခုထဲအတွက်မဟုတ်ဘူးပေါ့ ။ တစ်နည်းအားဖြင့် ရွေ့ လျား နေတဲ့ အရာဝတ္ထုတစ်ခု ဟာ ပြင်ပအားတစ်ခု၏ သက်ရောက်မှုကိုမခံရမခြင်း သူ့ ရဲ့  နဂို အရှိန်နှုန်းဖြင့်သာဆက်လက်သွားလာနေမယ် လို့ ဆိုလိုပါတယ် ။ ဒီအဆို ကို နဲနဲရင်းနှီးသလိုများမဖြစ်မိဘူး လား?? ၁၆၈၇ ခုနှစ်မှာ “Principia Mathematica” လို့ ခေါ်လို့ တဲ့ Sir Isaac Newton ရေးသားခဲ့တဲ့ စာအုပ်မှာ

အချိန်-ဟင်းလင်းပြင် (သို့ မဟုတ်) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း - အပိုင်း (၁) ( သော်ဇင်ထွန်း )


Newton ဆိုတဲ့ သိပ္ပံဘုရင် တစ်ပါး ကိုမေးခွန်း ပြန်ထုတ်ရဲ ခဲ့တဲ့ Einstein ဆိုတဲ့ လူငယ်လေး တစ်ယောက် ကြောင့် ကျွန်တော်တို့ လူသားတွေရဲ့ သမိုင်းဟာ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရပါတယ် ။ Issue 6 မှာပါခဲ့တဲ့ဆောင်းပါးကို နဲနဲအကျဉ်းချုပ် ၊ အပိုင်းတွေ ခွဲပြီး နေ့ စဉ်တင်ပေးသွားပါ့မယ် ။ Interstellar လဲရန်ကုန်မှာရုံတင်တဲ့အချိန် ၊ ပြီးတော့ ရီလေတီဗတီ သဘောတရား ကို လဲမေးနေကြတယ်ဆိုတော့ ဒီအခန်းဆက် ဆောင်းပါးမှာ ကျွန်တော်နဲ့  ရီလေတီဗတီ အကြောင်းတူတူလေ့လာရအောင်နော် ။

ပကတိ (Absolute) နဲ့  နှိုင်းရ (Relative)
----------------------------------------------

ပကတိ (absolute) ဆိုတာ တစ်ခြားသော အရာတွေအပေါ်မှာ မူတည်ခြင်းမရှိဘဲ သူ့ သတ်မှတ်ချက် တစ်ခု ကို သူ လိုက်နာနေတာကိုပြောတာပါ ။ နှိုင်းရ (Relative) ဆိုတာ က တော့ တစ်ခြားသော အရာတွေပေါ်မှာ မူတည်ပြီး ပြောင်းလဲ တတ်တာ ဆိုလိုတာပါ ။ လွယ်လွယ်ဆိုရင် ပကတိဆိုတာကတော့ ဘယ်တော့မှ မျက်နှာ မများ ၊ တစ်ခြားကောင်မလေးတွေဘယ်လောက်ပဲလှနေပါစေ ဘယ်တွေပဲဖြစ်နေဖြစ်နေ သူ့ ကောင်မလေး တစ်ယောက်ကလွဲရင် တစ်ခြားသူ ကိုစိတ်မ၀င်စားတဲ့ ကောင်လေးပေါ့ ။ နှိုင်းရ ဆိုတာကတော့

Nov 12, 2014

အိန္ဒိယ ၀န်ကြီးချုပ် မိုဒီ အကြောင်း (အရှင်နန္ဒသာရ)

 
နရိန်ဒြာမိုဒီကို ဘယ်သူမှ မတားနိုင်ပါဘူး။ အိန္ဒိယမှာ မယုံနိုင်စရာ အပြောင်းအလဲတွေ ဖြစ်နေတာ သေချာပါတယ်။ ရှေးရိုးစွဲ အိန္ဒိယလူ့အဖွဲ့အစည်းက ဇာတ်နိမ့်တယောက်ကို တိုင်းပြည်ရဲ့ အမြင့်ဆုံးရာထူးကို အပ်နှင်းဖို့ ရွေးချယ်လိုက်ပါပြီ။

ဒေလီမြို့ကနေ အနောက်ဘက်ဆီကို လေယာဉ် စီးသွားရင် နှစ်နာရီလောက်ကြာတဲ့ ဂူဂျရတ်ပြည်နယ် မှာ မိုဒီကို မွေးခဲ့တယ်။ မိဘတွေက ဆင်းဆင်းရဲရဲ၊ ရထားဘူတာလေးဘေးမှာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ထားတယ်။ မိသားစုဦးရေများလို့ ကျပ်တည်းလို့ မိုဒီကျောင်းက ထွက်ပြီး လက်ဖက်ရည်ဆိုင်လေးမှာ ဝိုင်းကူခဲ့ရတယ်။ နိုင်ငံရေးမျိုးရိုးမရှိဘဲ တံမြက်စည်းလှည်းဘဝကနေ နိုင်ငံရေးလောကထဲ ခြေစချပြီး နောက်ဆုံးအိန္ဒိယမှာ အကြီးဆုံးအတိုက်အခံပါတီရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အထိ ကိုယ်ထူးကိုယ်ချွန်ပြီး ကြိုးစားခဲ့ရတယ်။

ရွေးကောက်ပွဲမဲဆွယ်တဲ့အချိန်မှာသူပြောခဲ့တဲ့ စကားတခွန်းကတော့ နားစွဲလောက်ပါတယ်။
“ပြည်သူလူထုကြီးခင်ဗျာ။ ကွန်ဂရက်ပါတီကို နှစ်ပေါင်း ၆၀ လောက် အုပ်ချုပ်ခွင့်ပေးတယ်ဆိုတော့ ကျနော့်ကို လပေါင်း ၆၀ ပဲ အခွင့်အရေးပေးပါ။ နှစ် ၆၀ လုံးလုံး အရှင်သခင်ကိုရွေးခဲ့တယ်ဆိုတော့ ဒီတခါတော့ ကျွန်ခံမယ့် ကျနော့်ကို ရွေးလိုက်ကြပါ ခင်ဗျာ”တဲ့။

၁၉၄၇ ခုနှစ်မှာ အိန္ဒိယလွတ်လပ်ရေးရတဲ့ အချိန်ကစလို့ ဆယ်နှစ်ကလွဲလို့ ကျန်တဲ့နှစ်တွေကို နေရူး-ဂန္ဒီ မျိုးဆက်က ဦးဆောင်တဲ့ ကွန်ဂရက်ပါတီက

Jul 7, 2014

မင်းရပ်နေတာကို ငုံ့ကြည့်လိုက်ပါ

**********************
လူတွေဟာ အောက်ကို ပြန်ငုံ့ကြည့်ဖို့ အားနည်းကြတယ် .......
အပေါ်ကိုချည်း မျှော်နေလို့ အမြင့်ရောက်မသွားသလို ... ဆက်တက်ဖို့ချည်းပဲကြည့်နေရင်လည်း မခိုင်မာတဲ့ အမြင့်တစ်ခုကို တက်သွားမိတတ်တယ် ...
ဒါကြောင့် အောက်ကို ပြန်ပြန်ငုံ့ကြည့်ပါ...
ကိုယ်တက်ခဲ့တဲ့ ဘ၀တွေကိုပြန်ကြည့်ပါ ...
မင်းနင်းခဲ့တဲ့ ဘ၀တွေကို ပြန်လှန်ကြည့်ပါ ...
မင်းကို တွန်းတင်ခဲ့တဲ့ လက်တွေကို မြင်ယောင်ကြည့်လိုက်ပါ ....
မင်းရပ်နေတာ မြင့်ချင်မြင့်မယ် ...
မင်းမြင့်ဖို့ တွန်းတင်ပေးခဲ့သူတွေဆိုတာ ရှိစမြဲပါ ...
မင်းဟာ အမြင့်ကြောက် ရောဂါမဖြစ်ခင် အနိ့မ်က ကူညီသူတွေကို သတိရပါ ...
ဒါမှ မင်းအမြင့်က ပြန်ကျတဲ့အခါ မင်းကို စီးဖမ်းမယ့်သူတွေ ရှိနေလိမ့်မယ် ...
မင်းအကျမနာဖို့ ငုံ့ကြည့်ပါ...
လိုအပ်ရင် ပြန်ဆင်းပြီး ဆွဲခေါ်ပါ..
မင်းရဲ့ ကမ်းလက်ကိုမျှော်နေလိမ့်မယ် ....

လူငယ်တွေနှင့် လူငယ်အနာဂတ်အတွက်
ဒဿနစကား
သန်းထိုက်(ရွှေရိပ်)

Strategic Thinking အကြောင်း

Strategic Thinking အကြောင်း

**************************
မဟာဗျူဟာကျအောင် စဉ်းစားနိုင်ပုံများ
**************************
ကွမ်းယာဆိုင် နှစ်ခု ယှဉ်တွဲရောင်းနေပါတယ်။ တစ်ဆိုင်မှာ လူတွေအများကြီးပါ။ နောက်တစ်ဆိုင်က ဖျောက်တောက်ဖျောက်တောက် ရောင်းနေရပါတယ်။ အဲ့ဒီနှစ်ဆိုင်ဟာ Thinking ကွာနေလို့ပါ။
ကျွန်တော်လည်း သိလိုတာနဲ့ ကွမ်းမစားသော်လည်း ကွမ်းစားမိတ်ဆွေတစ်ယောက်ကို ဒိုင်လုပ်ခိုင်းပြီးခွဲခိုင်းဖို့ စီစဉ်ခဲ့ပါတယ်။
ဒါနဲ့ကွမ်း ၁၀၀ ဖိုးစီ ၀ယ်လိုက်ပါတယ်။
နှစ်ဆိုင်စလုံးက ကွမ်း ၄ ယာပဲပါတာပါ။ မစားကြည့်ပဲနဲ့တွေ့လိုက်ရပါတယ်။
ရောင်းကောင်းတဲ့ဆိုင်က

သူမတူတဲ့ မဟာဗျူဟာကျအောင် တန်ဖိုးမြောက်သုံးသပ်နိုင်ပုံများ

Strategy Evaluation အကြောင်း

 *****************************************

သူမတူတဲ့ မဟာဗျူဟာကျအောင် တန်ဖိုးမြောက်သုံးသပ်နိုင်ပုံများ
*****************************************
အများစုက သင်တန်းကျောင်းတွေမှာမှ စီးပွားစီမံနည်းပညာတွေ ရတယ်ထင်နေကြတာပါ။ တကယ်တော့ ပတ်ဝန်းကျင်မှာ လေ့လာနိုင်လျှင် ပညာကောင်းတွေရနိုင်ပါလိမ့်မယ်။
အခုလည်း Strategy Evaluation အပိုင်းကို သင်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေမှာ အလွန်ပင် ပင်ပန်းစွာသင်ယူနေကြရပါတယ်။ ဆိုလိုရင်းကတော့ မိမိလုပ်ငန်းအောင်မြင်အောင် သတ်မှတ်ချက်ဈေးနှုန်းဖြင့်အနိုင်ယူနိုင်ပုံအား ဆိုလိုရင်း ဖြစ်ပါတယ်။
သုံးသပ်ချက်ကို မလေးရှား ဂျဟိုးပြည်နယ်က စင်္ကာပူတံတားနားမှာတွေ့ခဲ့ရတာပါ။
ထိုဈေးသည်လေးက Strategy Evaluation ကိုအလွန်ကျွမ်းကျင်သူဖြစ်ကြောင်း လက်ဖက်ရည်တစ်ခွက်နဲ့ ပြန်လည်သင်ယူခဲ့ရပါတယ်။(လက်ဖက်ရည်တိုက် စကားပြောခဲ့တာကိုပြောတာပါ)
ထိုကလေးဟာ ၁၅ နှစ်သာသာလောက်ရှိတဲ့

May 5, 2014

Nokia (4)

 


   Nokia စတင်ခဲ့တုန်းက အခက်အခဲတွေများပေမဲ့ ကမ္ဘာရောင်းအားအကောင်းဆုံး နံပတ်တစ် ဖြစ်လာတဲ့အထိ ရပ်တည်ခဲ့တယ်ဗျ။ Apple ရဲ့ iOS နဲ့ Free OS ဖြစ်တဲ့ Android OS စတဲ့ ဖုန်းနည်းပညာတွေ မပေါ်ခင်အထိကတော့ Nokia ကိုဘယ်သူမှလိုက်မမှီခဲ့ဘူးဗျ။ အမေရိက၊ ဥရောပ နဲ့ အာရှ တစ်ခွင်ကို ၁၄ နှစ်ကြာ ထိုးဖေါက်ပျံ့နှံခဲ့ပြီးတော့ ယနေ့ခေတ်နည်းပညာကုမ္ပဏီများကတောင် သူ့လိုမအောင်မြင်နိုင်ကြသေးဘူးလို့ ပြောကြရလောက်အောင် နာမည်ကြီးခဲ့တာပါ။ ဒါပေမဲ့ iOS နဲ့ Android OS ပေါ်လာအချိန်မှာတော့ Nokia ရဲ့ အခက်အခဲတွေ ပြန်လည်စတင်ခဲ့တာပေါ့ဗျာ။
   
အခက်အခဲများကြားက Nokia

    ၁၉၈၀ ပြည့်နှစ်များမှာ CEO Kari Kairamo ကြောင့် Nokia ကုမ္ပဏီက စီးပွားရေးလုပ်ငန်းအသစ်တွေကိုဝယ်ယူခဲ့ပါတယ်။ ၁၉၈၁ အနှောင်းပိုင်းနဲ့ ၁၉၉၀ အစပိုင်းနှစ်တွေမှာ Nokia corporation ဟာ ငွေကြေးပြဿနာကို အကြီးအကျယ် ရင်ဆိုင်ရပြန်ပါတယ်။ အဓိကအကြောင်းအရင်းက TV ထုတ်လုပ်တဲ့ဌာနမှာ စီးပွားရေးအရမ်းကျတာရယ် စီပွားရေးလုပ်ငန်းတွေ ပုံစံကွဲနေတာကြောင့်ပါ။ ပြဿနာတွေရဲ့ အကျိုးဆက်ရလဒ်ကတော့ CEO Kairomo ရဲ့အသက်ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့ပါတယ်။ Kairamo သေဆုံးပြီးနောက်မှာ Simo Vuorilehto က Nokia ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်လာခဲ့ပါတယ်။ ၁၉၉၀ ကနေ ၁၉၉၃ ခုနှစ်မှာ ဖင်လန်နိုင်ငံ စီးပွားရေးပြဿနာကြံတွေ့ရမှုဟာ Nokia ကုမ္ပဏီကိုပါ ရိုက်ခတ်ခဲ့ပါတယ်။ Vuorilehto ရဲ့ စီမံခန့်ခွဲမှုအောက်မှာ Nokia ကုမ္ပဏီကို စေ့စေ့စပ်စပ်နဲ့ လိုအပ်တာတွေကို မွမ်းမံခဲ့ပါတယ်။ ကုမ္ပဏီက Telecommunication ဌာနကို လုပ်ငန်းဆက်လက်လည်ပတ်စေခဲ့ပြီး TV နဲ့ PC တွေထုတ်လုပ်တဲ့ဌာနတွေကိုတော့ လုပ်ငန်းရပ်ဆိုင်းခဲ့ပါတယ်။

May 2, 2014

Nokia (3)

 




    Nokia ကထုတ်ခဲ့တဲ့ ဖုန်းအများစုက Keypad ဖုန်းတွေဆိုပေမဲ့ နည်းပညာပိုင်းဆိုင်ရာအရ ရိုးရှင်းတဲ့အသွင်အပြင်ကို ဆောင်ခဲ့တယ်လို့ပြောရမယ်ဗျ။ Nokia ဟာ ဖုန်းတစ်လုံးစီ မော်ဒယ်တစ်ခုခြင်းစီရဲ့ စွမ်းဆောင်ရေကို အထူးဂရုစိုက်ခဲ့ပြီး အားသာချက်အလိုက် အမျိုးအစားများစွာကိုလဲဖန်တီးခဲ့ပြီးတော့ လူတိုင်းရဲ့လက်ထဲကိုလဲ ပုံစံမျိုးစုံနဲ့ဝင်ရောက်နိုင်ခဲ့ပါတယ်ဗျာ။ Nokia မွေးဖွားရာ ဖင်လန်နိုင်ငံမှာတော့ ဘယ်လောက်ပဲနည်း ပညာတွေတိုးတက်တဲ့ Touch ဖုန်းတွေပေါ်စေကာမှု တစ်နိုင်ငံလုံးက Nokia ရဲ့ Keypad ဖုန်းများကိုသာ စွဲလန်းနှစ်ချိုက်စွာ အသုံးပြုကိုင်ဆောင်ကြတယ်ဆိုတာကိုတော့ ယနေ့တိုင်တွေ့နိုင်ပါသေးတယ်။ Nokia ဖုန်းတွေက Symbian OS သာအသုံးပြုခဲ့ပြီး ၂၀၁၂ ဧပြီ မှာထွက်ခဲ့တဲ့ N800, N810, N900 နဲ့ N9 တို့ရောက်မှာသာ Linux ကိုအခြေခံထားတဲ့ Maemo ကိုအသုံးပြုခဲ့တာပါ။  နောက်ပိုင်းမှာသူက Intal ရဲ့ Mobilin နဲ့ပူးပေါင်းပြီး MeeGo OS ကိုလဲ ဖန်တီးခဲ့ပါသေးတယ်ဗျာ။ Nokia ဖုန်းတွေရဲ့အဓိက Network ဖြစ်ခဲ့တာကတော့ GSM network ဗျ...

Nokia နဲ့ GSM Network

    Nokia က ဒုတိယမျိုးဆက် ဆက်သွယ်ရေးနည်းပညာဖြစ်ပြီး data တွေသယ်ဆောင်နိုင်ကာ စကားပြောနိုင်တဲ့ GSM (Global System of Mobile Communication) Network ကိုအသုံးပြုနိုင်ခဲ့တဲ့ ကုမ္ပဏီတွေထဲကတစ်ခုပါ။ Nokia က GSM Network ကို ဖင်လန်နိုင်ငံမှာရှိတဲ့ Radiolinjia ဆက်သွယ်ရေးကုမ္ပဏီကိုလဲ ၁၉၈၉ ခုနှစ်မှာ လုပ်ဆောင်ခွင့်ပေးခဲ့ပါတယ်။ ကမ္ဘာပထမဆုံးအဖြစ် Nokia GSM ဖုန်းကိုအသုံးပြုဖုန်းခေါ်ဆိုခဲ့ကြပြီးတော့ ၁၉၉၂ ခုနှစ်မှာ ပထမဆုံး GSM ဖုန်း Nokia 1011 ကိုမိတ်ဆက်နိုင်ခဲ့ပါတယ်။ November 10 ရက်နေ့မှာ ထုတ်လုပ်ခဲ့လို့ model number ကို 1011 လို့ပေးခဲ့တာပါ။ Nokia 1011 မှာ

Nokia (2)




    Nokia ကစက္ကူလုပ်ငန်းတစ်ခုတည်းမဟုတ်ပဲ တစ်ခြားစီးပွားရေးလုပ်ငန်းတွေ အများကြီးကိုလဲလုပ်ခဲ့သေးတယ်ဗျ။ ၁၈၉၈ မှာတည်ထောင်ပြီး  ဖိနပ်နဲ့ ရာဘာပစ္စည်းတွေထုတ်တဲ့ Finnish Rubber Works ကုမ္ပဏီ ၊ ၁၉၁၂ မှာတည်ထောင်ပြီး တယ်လီဖုန်းကြိုးနဲ့ လျှပ်စစ်ဓါတ်ကြိုးတွေထုတ်တဲ့ Finnish Cable Works ကုမ္ပဏီ တို့နဲ့ ပူးပေါင်းခဲ့ပြီး ၁၉၀၂ မှာတော့လျှပ်စစ်ဓါတ်အားပေးတဲ့လုပ်ငန်းကိုပါထပ်မံတိုးချဲ့ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဖင်လန်နိုင်ငံက Soviet Union ကို စစ်လျှော်ကြေးအဖြစ်နဲ ကေဘယ်ကြိုးတွေ ပေးခဲ့ရတာဟာ နောင်စီးပွားရေးအတွက် အလားအလာကောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။
    စီပွားရေးကုမ္ပဏီသုံးခုပေါင်းစည်းမိတာဟာ Nokia Corporation လို့ခေါ်တဲ့ နိုင်ငံတကာနဲ့ဆက်ဆံရတဲ့ စီးပွားရေးလုပ်ငန်းကို ၁၉၆၇ ခုနှစ်မှာ ပေါ်ပေါက်လာစေခဲ့ပါတယ်။ အဲဒီ Nokia ကုမ္ပဏီက စက္ကူများ၊ ကားနဲ့စက်ဘီးတာယာများ၊ ဖိနပ်များ၊ ဆက်သွယ်ရေးကေဘယ်များ၊ TV နဲ့ Electronic ပစ္စည်းများ၊ အိမ်သုံးကွန်ပျူတာများ၊ Generator များ၊ စက်ရုံသုံးစက်လက်တံများ၊ Capacitor များ၊ စစ်ဘက်သုံးပစ္စည်းများ၊

Nokia (1)

    တစ်ချိန်တစ်ခါတုန်းက ဆက်သွယ်ရေးနည်းပညာ လောကမှာ ရောင်းအားအကောင်းဆုံး မိုဘိုင်းဖုန်းကုမ္ပဏီဖြစ်ခဲ့တဲ့ Nokia ကို Microsoft က အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ကျွန်တော့စိတ်ထဲမှာ နဲနဲတော့ဝမ်းနည်းမိတယ်။ တစ်ချိန်တုန်းက အရမ်းကြိုက်ခဲ့ရတဲ့ ဖုန်းကိုပြပါဆို Nokia ကိုသာပြမိမှာပါ။ သွားလေရာအမြဲပါလောက်အောင် ကြိုက်ခဲ့တဲ့တံဆိပ်ဆိုရင်လဲမမှားပါဘူး။ လက်ရှိကတော့တရုတ်ကြီးရဲ့ huawei ကိုသုံးနေရပေမဲ့ Nokia ကိုတော့ခုထက်ထိလဲကြိုက်နေတုန်းပါပဲ။ မိုဘိုင်းဖုန်းလောကမှာ တစ်ကမ္ဘာလုံးကိုတောင် ပျံနှံအောင်မြင်ခဲ့တဲ့ Nokia ရဲ့သမိုင်းကြောင်းကို ကျွန်တော်တို့အတူတူလေ့လာရအောင်ဗျာ...

Nokia
    Nokia ဆိုတာ ဖင်လန်နိုင်ငံ Keilaniemi, Espoo ဒေသမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံထားတဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဲဒီကုမ္ပဏီရဲ့ အဓိကထုတ်ကုန်တွေကတော့ Mobile ဖုန်းတွေနဲ့ အလွယ်တစ်ကူသယ်နိုင်တဲ့ IT ပစ္စည်းတွေပဲဖြစ်ပါတယ်။ Nokia ကုမ္ပဏီက application software တွေ၊ Game တွေ၊ သီချင်းတွေကို Ovi website ကနေ download လုပ်နိုင်ပြီး digital map  တွေကိုပါ အခမဲ့အနေနဲ့ Nevteq ရဲ့ အချက်ပြလမ်းညွှန်တဲ့စနစ်ကိုပါ ၀န်ဆောင်မှုပေးပါတယ်။ Nokia က Nokia Siemens Network အဖြစ်နဲ့ ဆက်သွယ်ရေးပစ္စည်းတွေ Service ၀န်ဆောင်မှုတွေပါ ပေးပါတယ်။
    Nokia က နိုင်ငံပေါင်း ၁၂၀ မှာ ၀န်ထမ်းပေါင်း ၁၂၂၀၀၀ ခန့်ထားပြီး နိုင်ငံပေါင်း ၁၅၀ မှာ ဖုန်းတွေကို ရောင်းချပါတယ်။ ကုမ္ပဏီရဲ့ နှစ်စဉ်ဝင်ငွေက ယူရိုသန်း ၃၈၀၀၀ ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာ တစ်ကမ္ဘာလုံးရဲ့ ဒုတိယအကြီးဆုံး ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး

Mar 8, 2014

GSM / WCDMA / CDMA တို့ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မူများကိုဆောင်ရွက်ပေးမယ့် - MPT Service v1.3(Beta)


mptservice

     အခုတင်ပေးလိုက်တဲ့ MPT Service ဆိုတဲ့ Application လေးကိုတော့ မြန်မာပြည်မှာ ရှိတဲ့ သူငယ်ချင်းများရှိ ထားသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ မြန်မာနိုင်ငံသုံးဆက်သွယ်ရေး ၀န်ဆောင်မူများကို Touch တစ်ချက်ချက်နှိပ်လိုက်ရုံနဲ့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဗျာ။ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုအောက်မှာအသေး စိတ်ရေးပေးထားပါတယ်ဗျာ။ အခု Application လေးကိုတော့ မြန်မာနိုင်ငံရဲ့ Developer တစ်ဦးဖြစ်တဲ့ ကိုဖြိုးချမ်း ကဖန်တီးထားတာဖြစ်ပါတယ်ဗျာ။  Android OS 2.3.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။
မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။
ဒီ App ကနေ Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
CDMA ငွေဖြည့်နိုင်ခြင်း
GSM/WCDMA Internet လျှောက်ထားနိုင်ခြင်း
GSM/WCDMA  Internet Setting ချိန်နည်းပါရှိခြင်း
MEC CDMA Internet Setting ချိန်နည်းပါရှိခြင်း
MPT CDMA Internet Setting ချိန်နည်းပါရှိခြင်း
GSM/WCDMA Call Waiting Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Call Forward Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Miss Call Altert Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Voice Mail လျှောက်ထားနိုင်ခြင်း
အပြင် မိမိ လျှောက်ထားပြီးသော်လဲ

Mar 1, 2014

“ဖေ့စ်ဘုတ်ပြန်ပေးဆွဲသမား” (နိုင်းနိုင်းစနေ)

“ဖေ့စဘုတ်ပြန်ပေးဆွဲသမား”

ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ဖော်ရွေပြီး ခင်မင်ရင်းနှီးစရာကောင်းတဲ့လူပါ။ စကားပြောရာမှာလည်း နူးညံ့သိမ်မွေ့တယ်။ ဒါပေမယ့် တစ်နှစ်ကျော်အကြာမှာ သူ့ပုံစံလုံးဝပြောင်းသွားပါတယ်။ သူဟာ သည်းခံစိတ်နည်းလာတယ်၊ စကားပြောရာမှာလည်း အလောတကြီးဖြစ်လာတယ်၊ စိုးရိမ်ကြောင့်ကြလာပါတယ်။ ဘာတွေနဲ့ တွေ့ကြုံခဲ့ရလို့ ဒီလိုဖြစ်သွားတာလဲလို့ သူ့ကို ကျွန်မမေးတော့ သူက သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး လက်ထဲကဖုန်းကိုကိုင်လှုပ်ပြရင်း “သူ့ကြောင့်ပေါ့”လို့ ဆိုပါတယ်။

“Steve Jobs ကြောင့်လား”

“မဟုတ်ပါဘူးကွာ… facebookကြောင့်ပါ”

လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်အချိန်က ခေတ်ရေစီးနဲ့အညီ ဖေ့စဘုတ်အကောင့်တစ်ခုကို သူဖွင့်ခဲ့ပါတယ်။ သူဟာ ရေထဲလွှတ်လိုက်တဲ့ငါးလိုပဲ ဖေ့စဘုတ်ပေါ်မှာ ပျော်ပျော်ကြီးကျက်စားခဲ့တော့တယ်။ အထူးသဖြင့် ဖုန်းကို အင်တာနက်ချိတ်လိုက်ပြီးတဲ့နောက်မှာ မငြီးမငွေ့ ဖေ့စဘုတ်ပေါ်မှာ ပိုပြီးပျော်နေခဲ့ပါတော့တယ်။ အဲဒီအချိန်ကစ တည်ငြိမ်အေးချမ်းတဲ့ဘဝကို သူစွန့်ပစ်လိုက်တော့တယ်။

အရင်တုန်းကဆိုရင် ကားစောင့်နေရင်း ဖြတ်သွားတဲ့မိန်းမလှတွေရဲ့ ဝတ်စားဆင်ယင်မှုကို သူခံစားကြည့်ရှုတတ်ခဲ့တယ်။ အခုဆိုရင် လက်ထဲကဖုန်းနဲ့ ဖေ့စဘုတ်ကို မပြတ်ပွတ်နေခဲ့ပါပြီ။

အရင်တုန်းကဆိုရင် ဟင်းတစ်ပွဲရဲ့အရောင် အနံ့ အရသာကို သူအရသာခံတတ်ခဲ့တယ်။ အခုဆိုရင် ဖုန်းနဲ့ ဟင်းကိုတဖျပ်ဖျပ်ရိုက်ပြီး ဖေ့စဘုတ်ပေါ်တင်ဖို့ပဲ အလျင်လိုနေခဲ့ပါပြီ။

အရင်တုန်းကဆိုရင် သူငယ်ချင်းတွေနဲ့ ဖတ်ထားတဲ့စာအုပ်အကြောင်း ဆွေးနွေးပြောဆိုတတ်ခဲ့တယ်။ အခုဆိုရင် ဖေ့စဘုတ်ပေါ်က statusတွေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်ပြီး တဝါးဝါးပွဲကျနေခဲ့ပါပြီ…..

ဒီလို ပုံသဏ္ဍာန်တူတဲ့ ရောဂါလက္ခဏာတွေ ချရေးရရင် ပြီးနိုင်တော့မှာ မဟုတ်ပါဘူး။ သူ့ဘဝကို ဖေ့စဘုတ်က ချုပ်နှောင်ပြန်ပေးဆွဲထားတာက သူ့ကိုအနှောင့်အယှက်အဖြစ်စေဆုံးလို့ သူကပြောပါတယ်။

ဒီဘက်မှာ ကလေးလေးတစ်ယောက်ပျောက်သွားပြီလို့ဆိုရင် ဝမ်းနည်းပက်လက်နဲ့ အမြန်share လုပ်တယ်၊ ဟိုဘက်မှာ တစ်ယောက်ယောက်က ရန်စလာပြီဆိုရင် မခံမရပ်နိုင်နဲ့ ဒေါသတကြီးshare လုပ်လိုက်ပြန်တယ်၊ ချစ်စရာ ကြောင်ကလေးရဲ့ဗွီဒီယိုလေးတွေ့ရင် ကြည့်ရင်းတဟားဟားနဲ့ အော်ရယ်Likeပြန်တယ်၊ ချက်ချင်းပဲ တစ်ယောက်ယောက်က မတရားမှုတစ်ခုခုဆိုပြီး စာနဲ့ပုံတွဲရက်တင်လိုက်ရင် အမြန်ဖွင့်ကြည့်လိုက်တယ်၊ တစ်ယောက်ယောက် သေဆုံးသွားပြီဆိုတဲ့ stautusကိုတွေ့ရင် စိတ်မကောင်းကြောင်းဆုတွေတောင်းမယ်၊ ဟော အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ status တစ်ကြောင်းတက်လာတယ်၊ သူတို့ကလေး တစ်လပြည့်မွေးနေ့ပွဲကို share လုပ်ပေးကြပါဆိုလို့ share လိုက်ပြန်တယ်။ ကီးဘုတ်တဖျောက်ဖျောက်နဲ့ မော့စ်ရဲ့မီးက မီးပွိုင့်ထက်တောင် အလုပ်များနေသေးတယ်။ share လိုက်၊ ငိုကြွေးလိုက်၊ ဒေါသဖြစ်လိုက်၊ ရယ်မောလိုက်နဲ့ နားမယ်ကြံတုန်းမှာ ဟော News Feedမှာ စာတွေပလူးပျံပြီးတက်လာပြန်ပြီ။ အဲဒီထဲမှာ အရေးကြီးတဲ့နိုင်ငံအရေးတွေပါတယ်။ “….လူမျိုးမှန်ရင် like”၊ “လူ့စိတ်ရှိသေးတယ်ဆိုရင် share”ဆိုတဲ့ကြွေးကြော်သံကလည်း ပါသေးတယ်။ ဖေ့စဘုတ်ကပေးတဲ့ စိတ်ခံစားချက်အပြောင်းအလဲက screenရဲ့ refresh rate ထက်တောင် မြန်နေခဲ့ပါတယ်။

“နင့်ကိုနင် ထိန်းလို့ရတယ်လေ”လို့ ကျွန်မကပြောတော့ သူ မချိတင်ကဲပြုံးပါတယ်။ ကိုယ့်ကိုယ်ကိုထိန်းချုပ်ချင်ပေမယ့် တစ်ခါတလေကျတော့ မတတ်နိုင်ဘူး။ ဖေ့စဘုတ်ပေါ်က “ပြန်ပေးဆွဲသမား”တွေက “ဟိုကောင်မလေး သွေးကင်ဆာဖြစ်နေတာ နင်share ပြီးပြီလား၊ ဟိုကောင်လေး အကြိတ်ပေါက်တာ နင်share ပြီးပြီလား၊ တိုင်းရေးပြည်ရေးအကြောင်း နင်ဝင်ဆွေးနွေးပြီးပြီလား၊ ဘာဖြစ်လို့ ဒီလိုခွဲခြားဆက်ဆံတာလဲ၊ စိတ်ကောင်း လူကောင်းဖြစ်ဖို့ကိုတောင် နင်ရွေးချယ်နေရသလား၊ နင်က ဘာအဆင့်အတန်းခွဲတာလဲ၊ ကိုယ်ချင်းစာစိတ်ရောရှိရဲ့လား”…. စတဲ့ အမေးတွေက သူ့ကိုဆွံ့အစေတယ်လို့ ဆိုပါတယ်။ ဖေ့စဘုတ်ဖွင့်လိုက်တာနဲ့ သူဟာ မောက်စ်ရဲ့အုပ်ချုပ်ရေးဌာန၊ ကီးဘုတ်ရဲ့နိုင်ငံရေးရုံး၊ တလောကလုံးကို ကြည့်ရှုသူ၊ ပြည်သူတွေနဲ့ နှလုံးသားချိတ်ဆက်သူ၊ ကျားလိုရဲရင့်ပြီး ပန်းလိုနူးညံ့ဖြူစင်သူလည်းဖြစ်သွားခဲ့ရပါတယ်။

တက္ကသိုလ်က ပါမောက္ခတစ်ဦးပြောခဲ့သလိုပဲ “မနက်ထလာတာနဲ့ ဖေ့စဘုတ်သုံးတာဟာ ကိုယ်ဟာရှင်ဘုရင်တစ်ပါးလို ရှေ့တော်သွင်းလာတဲ့ အဆိုအမိန့်တွေကို ဖတ်ရှုစစ်ဆေးနေတာနဲ့တူတယ်လို့ လူကိုခံစားစေတယ်။ တလောကလုံးကို စိုးမိုးခြယ်လှယ်နေတယ်လို့ စိတ်ကူးယှဉ်စေတယ်၊ နိုင်ငံတဝှမ်းလုံးက အရေးကြီးအရာကြီးတွေ ကိုယ့်ရှေ့မှောက်ရောက်လာပြီ… ဒါကို ကိုယ်က ဝေဖန်သုံးသပ်မှုတွေ အမြန်ဆုံးထုတ်ပြန်ရတယ်၊ အကြံဉာဏ်အမျိုးမျိုး ထုတ်ရတယ်၊ share ရ Like ရတယ်၊ နိုင်ငံတော်အတွက် တွေးပူရ၊ ပြည်သူအတွက် တွေးပူရတယ်၊ စာပေလောကအတွက် တွေးပူရ၊ အမျိုးမျိုး ကျေနပ်ရောင့်ရဲမှုတွေ ရယူရတယ်၊ အရာအားလုံး ငါ့ကီးဘုတ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ။ လူတိုင်းရဲ့ရင်ထဲမှာ ကိုယ့်ကိုယ်ကို ညီလာခံနေဝင်တဲ့ရှင်ဘုရင်တစ်ပါးလို့ ခံစားစေပါတယ်။ ဖေ့စဘုတ်က လူတွေရဲ့ဒီလိုခံစားချက်ကို ပိုနှိုးကြွရှင်သန်စေပါတယ်”။

ဖေ့စဘုတ်သုံးစွဲတဲ့ old userတစ်ယောက်အနေနဲ့ သူ့ကို ကျွန်မက ဒီလိုပြောပြပါတယ်။

“ဖေ့စဘုတ်သုံးတာဟာ တရားအားထုတ်သလိုပဲ အပိုင်းသုံးပိုင်းခွဲလို့ရတယ်၊ ပထမအပိုင်းက တောင်ကိုကြည့်ရင် ဒါဟာတောင်၊ ရေကိုကြည့်ရင် ဒါဟာရေ၊ ဖေ့စဘုတ်ကိုကြည့်ရင် ဒါဟာ ဖေ့စဘုတ်။ ဒီအပိုင်းမှာ ဖေ့စဘုတ်ကို တခြားဝက်ဆိုက်တွေနဲ့ နင်မခွဲထားသေးဘူး၊ သူ့ကို ကစားစရာနည်းသစ်တစ်ခုလို့ပဲ နင်ထင်မှတ်ထားသေးတယ်။ 

ဒုတိယအပိုင်းက တောင်ကိုကြည့်ရင် ဒါဟာတောင်မဟုတ်ဘူး၊ ရေကိုကြည့်ရင် ဒါဟာရေမဟုတ်ဘူး၊ ဖေ့စဘုတ်ကိုကြည့်ရင်လည်း ဒါဟာဖေ့စဘုတ်မဟုတ်တော့ဘူး။ ဖေ့စဘုတ်ကို တလောကလုံးလို့ နင်ထင်လိုက်တယ်။ ဖေ့စဘုတ်က ပြန်ပေးဆွဲသမားတစ်ယောက်လို နင့်ကို ပွတ်စမ်း၊ share စမ်း၊ like စမ်း၊ ထင်မြင်သုံးသပ်ချက်တွေ များများရေးစမ်း”လို့ ရက်ရက်စက်စက်ပြောတော့ နင်ကလည်း စိတ်ကယောင်ခြောက်ခြားနဲ့ အိပ်နေ၊ ထိုင်နေ၊ လဲနေ၊ ဝမ်းလျားမှောက်နေတာတောင် ပွတ်ဟဲ့၊  share ဟဲ့၊ like ဟဲ့၊ ဝေဖန်ဟဲ့လုပ်နေပြီး ဖေ့စဘုတ်နဲ့တစ်ရက်ကင်းကွာရင် လောကကြီး၊ ခေတ်ကြီးနဲ့ အဆက်ပြတ်သွားမှာကို ကြောက်နေခဲ့တော့တယ်။

တကယ်တမ်းမှာ ငါတို့က တတိယအပိုင်းထိ ကျင့်ကြံရမှာ။ တောင်ကိုကြည့်ရင် ဒါဟာ တောင်ပဲ၊ ရေကိုကြည့်ရင် ဒါဟာရေပဲ၊ ဖေ့စဘုတ်ကိုကြည့်ရင် ဒါဟာ ဖေ့စဘုတ်ပါပဲ.. သူဟာ ထင်မြင်ချက်အားလုံးကို ကိုယ်စားမပြုနိုင်ဘူး၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို မထင်ဟပ်စေနိုင်ဘူး။ တကယ်လို့ ဖေ့စဘုတ်ပြန်ပေးဆွဲသမားက နင့်ကို ထပ်ခြိမ်းခြောက်လာခဲ့ရင် အရာအားလုံးကို ရှုမှတ်မြင်တတ်သွားတဲ့နင်က “ဘာများ အရေးတကြီးလဲလို့…”ဆိုပြီး မထီမဲ့မြင်ရယ်တတ်သွားလိမ့်မယ်”။

ကျွန်မပြောတာကို သူနားထောင်အပြီးမှာ “နင်ပြောတာ ပညာသားပါပြီး သိပ်ကောင်းတာပဲ။ ဖေ့စဘုတ်သုံးတာကို တရားကျင့်ကြံတာနဲ့တွဲပြီး တွေးတတ်တယ်” လို့ ပြောပါတယ်။

ကျွန်မ တစ်ချက်ပြုံးလိုက်ပါတယ်။ ပြီးတော့ Like ပုံစံ လက်မထောင်ပြပြီး အိတ်ထဲကဖုန်းကို ထုတ်လိုက်ပါတယ်။

“ငါလည်း ငါပြောတာ သိပ်ကောင်းတယ်လို့ ထင်မိတယ်။ မမေ့အောင် ဖေ့စဘုတ်ပေါ်တင်လိုက်ဦးမယ်နော်…... ” 

မူရင်း -- Ma Bo Yong (2012ခုနှစ် အမှတ်စဉ်11 , Readers မဂ္ဂဇင်းမှစာတစ်ပုဒ်ကို ဆီလျှော်အောင်ဘာသာပြန်ပါတယ်)

နိုင်းနိုင်းစနေ
.

ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ဖော်ရွေပြီး ခင်မင်ရင်းနှီးစရာကောင်းတဲ့လူပါ။ စကားပြောရာမှာလည်း နူးညံ့သိမ်မွေ့တယ်။ ဒါပေမယ့် တစ်နှစ်ကျော်အကြာမှာ သူ့ပုံစံလုံးဝပြောင်းသွားပါတယ်။ သူဟာ သည်းခံစိတ်နည်းလာတယ်၊ စကားပြောရာမှာလည်း အလောတကြီးဖြစ်လာတယ်၊ စိုးရိမ်ကြောင့်ကြလာပါတယ်။ ဘာတွေနဲ့ တွေ့ကြုံခဲ့ရလို့ ဒီလိုဖြစ်သွားတာလဲလို့ သူ့ကို ကျွန်မမေးတော့ သူက သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး လက်ထဲကဖုန်းကိုကိုင်လှုပ်ပြရင်း “သူ့ကြောင့်ပေါ့”လို့ ဆိုပါတယ်။

“Steve Jobs ကြောင့်လား”

“မဟုတ်ပါဘူးကွာ… Facebook ကြောင့်ပါ”

လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်အချိန်က ခေတ်ရေစီးနဲ့အညီ ဖေ့စဘုတ်အကောင့်တစ်ခုကို သူဖွင့်ခဲ့ပါတယ်။ သူဟာ ရေထဲလွှတ်လိုက်တဲ့ငါးလိုပဲ ဖေ့စဘုတ်ပေါ်မှာ ပျော်ပျော်ကြီးကျက်စားခဲ့တော့တယ်။ အထူးသဖြင့် ဖုန်းကို အင်တာနက်ချိတ်လိုက်ပြီးတဲ့နောက်မှာ မငြီးမငွေ့ ဖေ့စဘုတ်ပေါ်မှာ ပိုပြီးပျော်နေခဲ့ပါတော့တယ်။ အဲဒီအချိန်ကစ တည်ငြိမ်အေးချမ်းတဲ့ဘဝကို သူစွန့်ပစ်လိုက်တော့တယ်။

အရင်တုန်းကဆိုရင် ကားစောင့်နေရင်း ဖြတ်သွားတဲ့မိန်းမလှတွေရဲ့ ဝတ်စားဆင်ယင်မှုကို သူခံစားကြည့်ရှုတတ်ခဲ့တယ်။ အခုဆိုရင် လက်ထဲကဖုန်းနဲ့ ဖေ့စဘုတ်ကို မပြတ်ပွတ်နေခဲ့ပါပြီ။

အရင်တုန်းကဆိုရင် ဟင်းတစ်ပွဲရဲ့အရောင် အနံ့ အရသာကို သူအရသာခံတတ်ခဲ့တယ်။ အခုဆိုရင် ဖုန်းနဲ့ ဟင်းကိုတဖျပ်ဖျပ်ရိုက်ပြီး ဖေ့စဘုတ်ပေါ်တင်ဖို့ပဲ အလျင်လိုနေခဲ့ပါပြီ။

အရင်တုန်းကဆိုရင် သူငယ်ချင်းတွေနဲ့ ဖတ်ထားတဲ့စာအုပ်အကြောင်း

Feb 27, 2014

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်

Photo: အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်

အောင်ခမ်း (ရိုးရာလေး)

စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။

၁။ ပိုမို ပျော်ရွှင်စေမှာလား

ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။

၂။ အချိန်တန်ပြီလား

ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီမှာ ကိုယ်ဝန်သည် ဇနီးရှိနေမယ်။ မနာမကျန်းမိဘ ရှိနေမယ်ဆိုရင်လည်း အဆင်မပြေပြန်ဘူးလေ။ အလုပ်ထွက်ရင်ဝင်ငွေက မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ပဲနဲ့ အဲဒီတာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင်စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ အချိန်ကာလတစ်ခုကို ရောက်ပြီလားဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။

၃။ ငွေလုံလောက်ပြီလား

ဒါကလည်း စဉ်းစားစရာပေါ့။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုထောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအနှီး ပဲလိုတာ မဟုတ်တော့ဘူးလေ။ အဲဒီကာလအတွင်း ကိုယ့် စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေကြေး အင်အား ရှိပြီလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလုံလောက်ပြီလားလို့ ကိုယ့်ကိုယ်ကို အရင်ပြန်မေးဖို့ လိုအပ်ပါသေးတယ်။

၎။ ကူညီထောက်ပံ့မယ့်သူ ရှိပြီလား

ကူညီထောက်ပံ့သူဆိုလို့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်အားအရ တစ်ယောက်တည်း မနိုင်ရင် ဝိုင်းကူပေမယ့် ပါတနာမျိုး၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ မိဘမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းမျိုး တို့ ဖြစ်ပါတယ်။ စီးပွားရေး တစ်ခုစတင်တိုင်း အခက်အခဲဆိုတာ ရှိမှာပဲ။ အဲဒါကို တစ်ယောက်တည်း ခေါင်းအစားခံ ဖြေရှင်းနေတာထပ် တစ်ဦးတစ်ယောက်ရဲ့  အကြံအဥာဏ်လေး ရလိုက်တာကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် ကူညီထောက်ပံ့၊ အကြံပေးမယ့်သူလည်း လိုအပ် ပါတယ်။

၅။ ဘဝနေထိုင်မှု ပုံစံပြောင်းနိုင်ပြီလား 

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူက မနက် စောစော ထပြီး ရုံးအမှီမသွားရတော့ဘူး။ သို့ပေမယ့် အဲ့ဒါထပ် ပိုပင်ပန်းကောင်း ပင်ပန်းလိမ့်မယ်။ အရင်လို နက်ခ်တိုင် ကျကျ နန မဝတ်ရတော့ပဲ ချွေးတစ်လုံးလုံးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်များလို့ ထမင်းကို ဇိမ်ကျကျစားကောင်းမှ စားရလိမ့်မယ်။ အသုံး စရိတ် နည်းသွားလို့ ဆင်းရဲသားလိုလည်း နေကောင်းနေရလိမ့်မယ်။ ဒီဒဏ်တွေခံနိုင်မယ် ဘဝနေထိုင်မှု ပုံစံကိုအခြေအနေလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရင်တော့ လုပ်ငန်းစဖို့ ထောက်ခံချက်တစ်ခု ရသွားပါပြီ။

၆။ စည်းကမ်းနဲ့ နေနိုင်ပါ့မလား

ငါ ဝန်ထမ်းမဟုတ်တော့ဘူး။ မနက်လည်း ထချင်မှထမယ်။ အလုပ်လည်း လုပ်ချင်မှ လုပ်မယ်။ အဲ့ဒီလိုပုံစံနဲ့ ဆိုရင် လုပ်ငန်းရှင်မဟုတ်ပဲ အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စဖို့ ရည်ရွယ် သူက မိမိကိုယ်ကို စည်းကမ်းချမှတ်လို့ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ အကောင်းစား ပစ္စည်းသုံးမှ လုပ်ငန်းရှင်လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ် ဆောင်ရွက်နိုင် ဖို့ကသာ အရေးကြီးပါတယ်။

၇။ အစမ်း ခြေလှမ်းရှိပြီလား

ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ ကော်ဖီဆိုင် တစ်ခုမှ ၆ လလောက် အချိန်ပိုင်း စားပွဲထိုး အရင်လုပ်ရမယ် လို့ ဥပမာ ပေးထားပါတယ်။ သို့ပေမယ့် ကိုယ်စမယ့် စီးပွားရေးလုပ်ငန်းက Model အသစ် သို့မဟုတ် လက်ရှိအလုပ်နဲ့ အလားသဏ္ဍာန် တူ ဆိုရင်တော့ Beta Test လုပ်နေစရာ မလိုပါဘူး။ အကယ်၍ အဲ့လို မဟုတ်ပဲ ပုံစံမတူတဲ့ ခြေလှမ်းဖြစ်နေရင် ပုံစံတူတဲ့ ကုမ္မဏီတစ်ခုမှာ အောက်ခြေ ကစလို့ ၆ လလောက် အချိန်ပိုင်း လုပ်ကိုင် သင့်ပါသေးတယ်။

၈။ အရည်အချင်းပြည့်ဝပြီလား

ကိုယ်ပိုင်လုပ်ငန်း တစ်ခုစဖို့အတွက် တစ်ခုတည်း တတ်နေလို့ မရတော့ဘူး။ အလွယ်ဆုံး ပြောရရင် ထုတ်ကုန် ထုတ်လုပ်ရေး၊ ဈေးကွက် ရှာဖွေရေး ၊ ဖြန့်ချိရေး အချက် သုံးခု စလုံး ပိုင်မှ အလုပ်ဆိုတာ စလို့ ကောင်းတာပါ။ ဒီမှာ ပါလာမယ့် ကိစ္စတွေက အများကြီးပဲ လူမှုဆက်ဆံရေး၊ စီးပွားရေး ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပြောမယ်ဆို အတော်ကိုများတဲ့ လိုအပ်ချက်တွေပါ။ ဒါတွေ တစ်ခုတည်းလိုက်ဖြည့်နေရင် အချိန်ကုန်သွား မယ် လို့လည်း ဆိုပါတယ်။ အချိန်ပေးစရာမလိုပဲ အဲဒါတွေအားလုံး လုပ်ရင်းနဲ့ လေ့လာသွားလို့ရမယ်၊ လေ့လာနေစဉ်လည်း လုပ်ငန်းအပေါ် ထိခိုက်မှု ရှိမသွားဘူးလို့ သေချာယုံကြည်ရင်တော့ လုပ်ငန်း စနိုင်ပါ တယ်။

၉။ အိုင်ဒီယာ ကောင်းရဲ့ လား

ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းပါ။ ရှိနေတဲ့ အိုင်ဒီယာက သစ်ဆန်းရဲ့ လား ၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား၊ ငါတွေးတဲ့ အိုင်ဒီယာ ကောင်းရဲ့ လား အစရှိသဖြင့် ပြန်မေးရမှာ ဖြစ်ပါတယ်။ အတွေးစိတ်ကူးကောင်းကောင်း မရှိ ဘူးဆိုရင်တော့ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခု အောင်မြင်ဖို့ မသေချာ ပါဘူး။

၁၀။ စီးပွားရေး ယာထားချက် ရှိရဲ့ လား

ဒါအရေးကြီးဆုံးပါ။ အထပ်ပါ ၉ ချက်စလုံးက ပြည့်စုံနေပြီ။ အလုပ်ကလည်း ထွက်လိုက်ပြီ။ သို့ပေမယ့် Business Plan ရှိမထားရင်တော့ လုံးပါးပါး သွားနိုင်ပါတယ်။ ဘာနဲ့တူသလဲဆို ခရီးသွားဖို့ ပစ္စည်းပစ္စယ စုံလင်သွားပေ မယ့် ဘယ်အရပ်ကို သွားရမှန်းမသိတဲ့ အနေအထားနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုစတော့မယ်ဆိုရင် အရေးအကြီးဆုံး အနေနဲ့ Business Plan တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။
.
Ref: entrepreneur.com

အောင်ခမ်း (ရိုးရာလေး)

စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။

၁။ ပိုမို ပျော်ရွှင်စေမှာလား

ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။

Feb 22, 2014

တစ်ဒေါ်လာရှိရင်လူငါးယောက်လောက်ထမင်းစားလို့ရတယ် နိုင်ငံခြားမှာမဟုတ်ဘူး၊ပုသိမ်မှာ (ဆလိုင်းသန့်စင်)


ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်
Thursday, February 20, 2014

စာဖတ်သူတို့ ထမင်းတခါပြင်တပွဲကို ငွေ ၂၀၀ နဲ့ ရောင်းတဲ့ဆိုင်များ တွေ့ဖူးကြပါသလား။ ကျနော်လည်း အရင်က မတွေ့ဖူးပါဘူး။ တန့ကတော့ မိတ်ဆွေသတင်းထောက်တယောက်ရဲ့ အကူအညီနဲ့ ထမင်းတပွဲ ၂၀၀ ကျပ်နဲ့စားလို့ရတဲ့ဆိုင်ကို ရောက်ခဲ့ပါတယ်။

အဲဒီထမင်းဆိုင်လေးကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကမ်းနားလမ်းမှာတည်ရှိတဲ့ မြို့တော်ခန်းမနောက်ဘက်က ပန်းခြံလမ်းထဲမှာပါ။ 

ဆိုင်ရှေ့ရောက်ချိန်မှာ ဆိုင်ကိုအကဲခတ်ကြည့်တော့ ထမင်းဆိုင်ရယ်လို့လည်း ဆိုင်းဘုတ်တပ်ခြင်းမရှိ။ ဆိုင်နာမည်လည်း မရှိ။ ထမင်းတခါပြင် ၂၀၀ လို့တောင် ဆိုင်းဘုတ်တပ်ကြော်ညာ ထားတာလည်း မတွေ့ရပါဘူး။

ဒါပေမယ့် ဆိုင်ရှင်ကတော့ ထမင်းပွဲကို လက်မလည်အောင် တပွဲပြီးတပွဲပြင်ပေးပြီး ရောင်းနေတာကို တွေ့ရပါတယ်။

ကျနော်နဲ့ ကျနော့်မိတ်ဆွေက ဆိုင်ရှေ့က ပလတ်စတစ်ထိုင်ခုံတွေမှာ ၀င်ထိုင်လိုက်ပြီး ပုသိမ်သားဖြစ်တဲ့ကျနော့်မိတ်ဆွေက မှာလိုက်တယ် ...

“၀က်၊ ဘဲနဲ့ ထမင်း နှစ်ပွဲပေးပါ”

သူမှာလိုက်တဲ့ဟင်းက ကျနော့်နားထဲတမျိုးဖြစ်နေလို့ ကျနော့်မိတ်ဆွေကိုမေးလိုက်တယ်။

“ဘာလဲဟ ၀က်ဘဲဆိုတာ”

“၀က်သားဟင်းနဲ့ ဘဲဥဟင်း နှစ်မျိုးလုံးထည့်ပေးပါလို့ ပြောတာ”

ဟိုက်ရှားဘား......။ ထမင်းတပွဲ ၂၀၀ တန်ဆိုင်မှာ ၀က်သားဟင်းလည်း ရနေပါလား။
ဆိုင်ရှင်အမျိုးသားကလည်း ခပ်သွက်သွက်ပဲ စတီးပန်းကန် ၂ ချပ်ယူပြီး ပြင်ပေးလိုက်တာ ခဏချင်းမှာပဲ ထမင်း ၂ ပွဲရောက်လာတယ်။

ဘဲဥတလုံး၊ လက် ၂ လုံးလောက်ရှိမယ့် ၀က်သားဟင်း ၇ ဖတ်လောက်နဲ့ ဟင်းအရည်ဆမ်းထားတဲ့ ထမင်းပွဲက သူရောင်းနေတဲ့ဈေးနှုန်းနဲ့ ဘယ်လိုမှ ယုံနိုင်စရာမရှိဘူး ဖြစ်နေတယ်။

ဆိုင်မှာ ဟင်းက ငါးဟင်း၊ ငါးဆုပ်ဟင်း၊ ဘဲဥဟင်း၊ ၀က်သားနဲ့ အမဲအူဆိုပြီးတော့ ဟင်း (၅) မျိုး ရတယ်။ ဟင်း တမျိုးစားလည်း ၂၀၀ ကျပ်၊ နှစ်မျိုးစားလည်း ၂၀၀ ကျပ်ပဲ ပေးရတယ်။ ဘဲဥဟင်းနဲ့ တခြားဟင်းတမျိုးတွဲရင်တော့ ၃၀၀ တဲ့။

ကျနော်တို့မှာလိုက်တဲ့ ထမင်းပွဲကတော့ ၃၀၀ တန်ထမင်းပွဲပေါ့။
ထမင်းလိုက်ပွဲထပ်ယူရင် တပွဲ ၁၀၀။ တခြားထမင်းဆိုင်ကြီးတွေလို ဟင်းချို၊ အရွက်ကြော်၊ ငါးပိရည် တို့စရာ တွေတော့ မပါဘူး။ ဒါပေမယ့် ရေနွေးကြမ်းရတယ်။ ဆားပန်းကန်နဲ့ အစပ်ကြိုက်သူအတွက် ငရုတ်သီးစိမ်းပန်းကန် ချထားပေးတယ်။

မှာထားတဲ့ထမင်းပွဲကို စားကြည့်လိုက်တော့ ဟင်းလက်ရာ ကောင်းသလို ဆန်ကလည်း ဆန်ကြမ်းပေမယ့် အညံ့စားကြီး မဟုတ်ဘဲ စားလို့အဆင်ပြေတဲ့အနေအထားမှာ ရှိတာ တွေ့ရတယ်။ ကျနော်လည်း မြည်းရင်းစမ်းရင်း စားလိုက်တာ တပန်းကန်ကုန်သွားတယ်။

ကျန်တဲ့လူတွေအကဲခတ်ကြည့်တော့ ထမင်းစားလိုက်၊ ငရုတ်သီးစိမ်းလေးကိုက်လိုက်၊ ရေနွေးကြမ်းပူပူ သောက်လိုက်နဲ့ သူ့ဟာနဲ့သူ အဆင်ပြေနေတယ်။
ဟင်းအရည်လိုချင်ရင် ထပ်တောင်းလို့လည်း ရတယ်။ ဟင်းရည်တောင်းရင် အသားဖတ် ၂ ဖတ်၊ ၃ ဖတ်တောင် ဆိုင်ရှင်က အဆစ်ထည့်ပေးလိုက်သေးတယ်။

ပုသိမ်မှာ လက်ဖက်ရည်တခွက်တောင် ၂၀၀ ကျပ် ဖြစ်နေတဲ့ခေတ်မှာ ထမင်းတပွဲကို ငွေ ၂၀၀ နဲ့ ရောင်းနေတဲ့ကိစ္စက အတော့်ကို ထူးဆန်းစရာပဲမဟုတ်လား။

ဆိုင်ရှင်အမျိုးသားကိုဇေယျာလင်းကို မေးလိုက်တယ်။

“ဒီဈေးနှုန်းနဲ့ ရောင်းနေတော့ အစ်ကိုတို့ မြတ်ကော မြတ်ရဲ့လားဗျ”

“ဈေးသည်ပဲဗျာ။ မြတ်လို့ရောင်းတာပေါ့။ အဓိကကတော့ စားတဲ့လူတွေ ဈေးသက်သက်သာသာနဲ့ အဆင်ပြေပြေစားလို့ရနေရင် ကျေနပ်ပါတယ်။ ကျနော်တို့ ဒီဆိုင်ဖွင့်လာတာ အခုဆိုရင် သက်တမ်း ၁၅ နှစ်နီးပါးရှိနေပြီ။
စရောင်းတုန်းကတော့ ထမင်းတပွဲ ၄၀ (ကျပ်)၊ နောက်တော့ ကုန်ဈေးနှုန်းတက်လာလို့ ၂၀၀ ကျပ်အထိ တက်ရောင်းဖြစ်တာ”လို့ ကိုဇေယျာလင်းက ပြန်ဖြေပါတယ်။

ရောင်းလို့ မကုန်တဲ့နေ့ မရှိသလို နေ့လည် ၁၁ နာရီလောက်ကစရောင်းတာ မွန်းလွဲ ၂ နာရီထိုးလောက်ဆိုရင် ရောင်းကုန်ပြီလို့ သူက ပြောပါတယ်။

ကျနော်စဉ်းစားကြည့်တယ်။ ဒီဈေးနှုန်းနဲ့ရောင်းနိုင်ရအောင် ဆန်တွေများ အလကား ရနေလို့များလား။

“အစ်ကိုတို့ ဆန်ကျတော့ကော။ ရွာက မှာတာလား”

“မဟုတ်ပါဘူး။ ဆန်ကလည်း ပုသိမ်ကပဲ ၀ယ်ပါတယ်။ အသားတွေ ဟင်းတွေလည်း ဈေးသက်သက်သာသာနဲ့ သန့်သန့်ရှင်းရှင်းစားလို့ရအောင် ချက်ပါတယ်”လို့ သူက ပြောပါတယ်။

ထမင်းဆိုင်ကို အားပေးနေသူတွေကတော့ ကမ်းနားတ၀ိုက်က ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ဆိုက္ကားသမားတွေ၊ အခြေခံလူတန်းစားတွေနဲ့ ကျေးရွာတွေက တက်လာတဲ့ တောသူတောင်သားတွေအများစုဖြစ်နေတာ တွေ့ရပါတယ်။

“မသိသူကျော်သွား၊ သိသူဖော်စား“ဆိုတဲ့ စကားပုံလိုပဲ ဒီဆိုင်ကိုသိနေတဲ့ ဖောက်သည်တွေက လူအုပ်လိုက်ဝင်လာ ခပ်သုတ်သုတ်စား။ ပြီးတာနဲ့ ငွေရှင်းပြီး ပြန်ကြ။ ရောင်းတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ရောင်း၊ စားတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ စားကြတာ တွေ့ရပါတယ်။

“ကျနော်တို့လို ဆိပ်ကမ်းကကုန်တင်ကုန်ချအလုပ်သမားတွေအတွက်တော့ ဒီဆိုင်လေးက တအားအဆင်ပြေတယ်။ ပုသိမ်တမြို့လုံးမှာ ဒီဆိုင်က ဈေးအသက်သာဆုံးပဲ။
ဈေးလည်းသက်သာတယ်။ စားလို့လည်း ကောင်းတယ်”လို့ ပုသိမ်ဆိပ်ကမ်းက ကုန်တင်ကုန်ချလုပ်သားတဦးက ပြောပါတယ်။

ဆိုခဲ့သလိုပဲ ထမင်းဆိုင်ရယ်လို့တောင် ဆိုင်းဘုတ်တပ် နာမည်ပေးထားခြင်းမရှိပေမယ့် မြို့တော်ခန်းမနား အနီးတ၀ိုက်မှာ “၂၀၀ ကျပ်တန် ထမင်းဆိုင်”လို့ မေးလိုက်ရင် မသိတဲ့လူ မရှိသလောက်ဖြစ်အောင်ကို နာမည်ကြီးပါတယ် တဲ့။

ကဲ ... ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်ဆိုတာ မယုံဘူးဆိုရင်တော့ မြို့တော်ခန်းမ နောက်ကျောက ပန်းခြံလမ်းထဲမှာရှိတဲ့ ၂၀၀ ကျပ်တန် ထမင်းဆိုင်ကိုသာ ကြွခဲ့ပါလို့ ပြောပါရစေဗျာ…

ဆလိုင်းသန့်စင်
စာဖတ်သူတို့ ထမင်းတခါပြင်တပွဲကို ငွေ ၂၀၀ နဲ့ ရောင်းတဲ့ဆိုင်များ တွေ့ဖူးကြပါသလား။ ကျနော်လည်း အရင်က မတွေ့ဖူးပါဘူး။ တန့ကတော့ မိတ်ဆွေသတင်းထောက်တယောက်ရဲ့ အကူအညီနဲ့ ထမင်းတပွဲ ၂၀၀ ကျပ်နဲ့စားလို့ရတဲ့ဆိုင်ကို ရောက်ခဲ့ပါတယ်။

အဲဒီထမင်းဆိုင်လေးကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကမ်းနားလမ်းမှာတည်ရှိတဲ့ မြို့တော်ခန်းမနောက်ဘက်က ပန်းခြံလမ်းထဲမှာပါ။

ဆိုင်ရှေ့ရောက်ချိန်မှာ ဆိုင်ကိုအကဲခတ်ကြည့်တော့ ထမင်းဆိုင်ရယ်လို့လည်း ဆိုင်းဘုတ်တပ်ခြင်းမရှိ။ ဆိုင်နာမည်လည်း မရှိ။ ထမင်းတခါပြင် ၂၀၀ လို့တောင် ဆိုင်းဘုတ်တပ်ကြော်ညာ ထားတာလည်း မတွေ့ရပါဘူး။

ဒါပေမယ့် ဆိုင်ရှင်ကတော့ ထမင်းပွဲကို လက်မလည်အောင် တပွဲပြီးတပွဲပြင်ပေးပြီး ရောင်းနေတာကို တွေ့ရပါတယ်။

ကျနော်နဲ့ ကျနော့်မိတ်ဆွေက ဆိုင်ရှေ့က ပလတ်စတစ်ထိုင်ခုံတွေမှာ ၀င်ထိုင်လိုက်ပြီး ပုသိမ်သားဖြစ်တဲ့ကျနော့်မိတ်ဆွေက မှာလိုက်တယ် ...

“၀က်၊ ဘဲနဲ့ ထမင်း နှစ်ပွဲပေးပါ”

သူမှာလိုက်တဲ့ဟင်းက ကျနော့်နားထဲတမျိုးဖြစ်နေလို့ ကျနော့်မိတ်ဆွေကိုမေးလိုက်တယ်။

“ဘာလဲဟ ၀က်ဘဲဆိုတာ”

“၀က်သားဟင်းနဲ့ ဘဲဥဟင်း နှစ်မျိုးလုံးထည့်ပေးပါလို့ ပြောတာ”

ဟိုက်ရှားဘား......။ ထမင်းတပွဲ ၂၀၀ တန်ဆိုင်မှာ ၀က်သားဟင်းလည်း ရနေပါလား။
ဆိုင်ရှင်အမျိုးသားကလည်း ခပ်သွက်သွက်ပဲ စတီးပန်းကန် ၂ ချပ်ယူပြီး ပြင်ပေးလိုက်တာ ခဏချင်းမှာပဲ ထမင်း ၂ ပွဲရောက်လာတယ်။

ဘဲဥတလုံး၊ လက် ၂ လုံးလောက်ရှိမယ့် ၀က်သားဟင်း ၇ ဖတ်လောက်နဲ့ ဟင်းအရည်

"ဆွမ်းတော်ချက်စဉ် အပေါ့-အငန် မြည်းကောင်းသလား"


မေး>>>ဘုရားနှင့် သံဃာတော်တွေကိုဆွမ်းကပ်ဖို့ ဆွမ်းတော်ချက်နေရင် တပည့်တော်ဘယ်တော့မှအပေါ့အငန်မမြည်းရဲဘူး၊ဗိမ္မိသာရမင်းကြီးရဲ့ဆွေမျိုးပြိတ္တာတွေလိုဖြစ်မှာစိုးလို့ဘုရား၊ တပည့်တော်တို့ ဆွမ်းတော်ချက်နေတုန်း အပေါ့အငန်မြည်းကောင်းပါသလားဘုရား”

ဖြေ>>> ဗိမ္မိသာရမင်းကြီး၏ ဆွေမျိုးပြိတ္တာတို့သည် လူဘ၀တုန်းက ဘုရားရှင်နှင့် သံဃာ တို့မဘုဉ်းပေး ရသေခင် စားဦးစားဖျားတို့အား “တခဏတနပ်စာ ဗိုက်ဝဖို့အတွက် ဆိုးယုတ်သောဆန္ဒကို မတားဆီးပဲ စိတ်အလိုကိုလိုပ်မိပြီး စားသောက်ခဲ့ကြသည့်အတွက် အလွန်ရှည်ကြာသော ကာလများတိုင်အောင် ငရဲဆင်းရဲ၊ပြိတ္တာဆင်းရဲကို ကျရောက်ခံစားကြရခြင်းပင်ဖြစ်ပါတယ် ” ယခုခေတ်သံဃ ဒါနဆွမ်းလောင်းအသင်းများနှင့် အလှုအတန်းများတွင် ဆွမ်းချက်ကြသည့် ဒကာ၊ဒကာမတို့အတွက် ထိုပြိတ္တာတို့၏ အဖြစ်အပျက်မှာ သတိထားစရာပင်ဖြစ်ပါတယ်။

ဗိမ္မိသာရမင်းကြီး၏အတိတ်ဘ၀ကဆွေမျိုးများငရဲကျ၊ပြိတ္တာဖြစ်ရခြင်းမှာ ဆွမ်းဟင်းချက်နေ စဉ် “အပေါ့၊အငန်”မြည်းသောကြောင့် လုံးဝမဟုတ်ပဲ ဘုရားရှင်နှင့် သံဃာတော်တို့မဘုဉ်းပေးရေ သးခင် စိတ်စေတနာဆိုးဖြင့် စားသောက်ကြသောကြောင့်သာဖြစ်ပါတယ်။ ထို့ကြောင့် ဆွမ်းဟင်းချက်စ ဉ် သံဃာတော်တို့ အရသာရှိစွာ ဘုဉ်းပေးနိုင်ကြရန် “အစပ်အဟတ်တည့်မတည့်၊ အပေါ့အငန်” မြည်းခြင်းမှာ မည်သည့်အကုသိုလ်မှ မဖြစ်ပါပေ။ အကုသိုလ်အဖြစ်သည့်အပြင် သံဃာတော်အ ရှင်မြတ်များ အရသာရှိရှိဘုဉ်းပေးရစေဖို့ဆိုသော ကောင်မြတ်မွန်မြတ်သော စေတနာဇောအဟုန်ကြောင့် ကုသိုလ်တရားပင်ဖြစ်ထွန်းစေပါသည်

ဓမ္မဝီရ အရှင်တေဇနိယ

Energy Drinks တွေကို ရှောင်ရှားသင့်တဲ့ အကြောင်းရင်း(၄)ချက်



 အလုပ်က ပြန်လာချိန်တွေမှာ ပြုတ်ကျနေတဲ့ မျက်လုံးတွေနဲ့ ဒယီးဒယိုင်ကိုယ်နေဟန်ထားနဲ့ ရှုပ်ပွနေတဲ့ ဆံပင်ပုံစံနဲ့ ပြန်လာတဲ့သင့်ပုံစံကို မြင်ယောင်ကြည့်လို့ရပါတယ်။ ဒီအချိန် ရေခဲသေတ္တာဖွင့်ပြီး ထုတ်မိတဲ့အရာက Red Bull တစ်ဗူးပဲဖြစ်မှာပေါ့။ ဒီလို အားဖြည့်အချိုရည်တွေက ကျွန်ုပ်တို့ကို ရုတ်တရက် အားပြည့်သွားသလို ဖြစ်စေတာတော့မှန်ပါတယ်။ ဒါပေမယ့် ဒီခွန်အားက အတုအယောင်သာဖြစ်ပြီး တကယ့်ခွန်အားအစစ် မဟုတ်တဲ့အတွက် တာရှည်မခံပါဘူး။

ဒီတော့ တချက်ပြန်ကြည့်ရမှာ သောက်သုံးပြီးနောက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကိုပေါ့။ အခုဖော်ပြပေးမယ့် အကြောင်းအရာတွေက သင်ဘာကြောင့် ခွန်အားဖြည့်အချိုရည်တွေကို ရှောင်ကျဉ်သင့်သလဲ ဆိုတာ ပြောပြပေးပါလိမ့်မယ်။

(၁) ကဖင်းဓါတ် အပေါ် မှီခိုသူ ဖြစ်လာရခြင်း

ခွန်အားဖြည့်အချိုရည် (energy drink ) တွေရဲ့ အဓိက ပါဝင်ပစ္စည်းက ကဖင်းပါပဲ။ ပြီးတော့ အားလုံးသိတဲ့အတိုင်း ကဖင်းက စွဲတတ်ပါတယ်။ လက်ဖက်ရည်တွေ ၊ ကော်ဖီတွေ ကြိုက်နှစ်သက်သူ တစ်ယောက်မဟုတ်သော်လည်း အားဖြည့်အချိုရည်တွေကို တစွတ်စွတ်သောက်နေတတ်သူ တစ်ယောက်ဆိုရင်တော့ ဒီကဖင်းဓါတ်တွေအပေါ်မှာ မှီခိုနေရပါလိမ့်မယ်။ ဒီလို ကဖင်းကို လိုအပ်တဲ့ပမာဏထက် ပိုသုံးစွဲမိနေပြီဆိုရင်တော့ အကျိုးဆက်က ကြောက်လန့်ဖွယ်နဲ့ မလိုလားတဲ့ အရာတွေပဲ ဖြစ်လာနိုင်ပါတယ်။

Jan 23, 2014

ဘ၀တစ်ကွေ့ ............. (ဆရာကြယ်)

 ဒါဖတ်ပြီး တကယ်ခံစားရလို့ ပြန်လည်မျှဝေခြင်းပါ...
သင်လည်းဖတ်ပြီး ရသအနေနဲ့ပဲ ခံစားရတယ်ဆိုရင်တောင် မျှဝေရတာ တန်သွားပါပြီ...
အားလုံးကို ကျေးဇူးတင်လျက်....
======================
ကျွန်တော် ...........၂တန်းကျောင်းသူအရွယ်
ကောင်မလေးတစ်ယောက်ကို မြင်နေရတယ်...
ကောင်မလေးက လက်ထဲမှာ ပညာရည်ချွန်ဆုလေး ကိုင်ပြီး...
သူ့မေမေနဲ့ ဓါတ်ပုံရိုက်နေတယ်.....
နောက် ..ကောင်မလေးနားမှာ သူ့မေမေ မရှိတော့ဘူး ..
ရမက်ပြင်းတဲ့ အကြည့်တွေနဲ့ ဘီလူးသဘက်လို မိန်းမပျိုလေးရဲ့ သွေးသားကို
ဝါးမြိုချင်တဲ့ လူတစ်ချို့ .... ကလေးမလေး နားကို တဖြည်းဖြည်း ၀ိုင်းအုံလာကြတယ်
ကောင်မလေး ကြောက်ရွံ့စွာ အော်ဟစ်နေတယ်..
သူမ ဘ၀လေး နှင်းဆီပန်းကလေးလို တစ်ရစ်ပြီး တစ်ရစ် ...တစ်လွှာပြီး တစ်လွှာအခြွေခံနေရတယ်... ဘယ်သူမှ ကယ်မယ့်သူ မရှိဘူး
အားကိုးရာလဲ မရှိဘူး ..
နာကျင်မှုတွေ အပြည့်နဲ့ ..အရှက်တွေကို နင်းခြေခံလိုက်ရတဲ့ ... ကလေးမလေးရဲ့
နှုတ်ခမ်းတစ်စုံက ..ကြာတော့ လောကကြီးကို လှောင်ပြုံးလေးနဲ့ ပြန်ပြုံးပြတတ်ပြီ
သူမ မျက်နှာပေါ် တပေါက်ပေါက် ကျနေတဲ့ တဏှာရမက်ချွေးစက်တွေနဲ့
မျက်နှာသစ်တတ်သွားပြီ ...
ညည်းညူလှိုက်မော ပင့်သက်ရှိုက်သံတွေနဲ့အတူ..
သက်တံရောင် တိမ်တွေကြား .... ကလေးမလေးတစ်ယောက် မျက်ရည်တွေနဲ့
သူ့မေမေလဲ မျက်ရည်တွေနဲ့ ...
ဆုတံဆိပ်လေးကလဲ ကြေမွလို့ ....
နောက် ကလေးမလေး မျက်လုံးကိုမှိတ် အံကိုကြိတ် ..
အသူရာချောက်ထဲ ... ပစ်ဆင်းသွားတယ် ...
ကျွန်တော် လှမ်းပြီး ဖမ်းဆုပ်ချိန်မရလိုက်ဘူး .......
အလန့်တကြားနဲ့ ကျွန်တော် သူမ ခုန်ဆင်းသွားရာ ပြေးလိုက်ရင်း
သူမ နာမည်ကို အော်ဟစ်နေမိတယ်
''၀ိုင်းးးးးးးးး '' .

Jan 3, 2014

တကယ့်ခွင့်လွှတ်ခြင်း




 လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်အဖို့ မလွယ်လှပါ.။ လျှပ်စစ်မီးသီးက
မီးစာလေးကို လျှပ်စစ်နဲ့ လင်းနိုင်အောင်လို့ သူစမ်းသပ်ရာမှာ ငါးမြားတံက
ငါးမြားကြိုးကိုတောင်မှ ဖြုတ်တပ်ပြီး စမ်းသပ်ခဲ့ဖူးတယ်.။
ဒီလိုမျိုးအကြိမ်ပေါင်းများစွာ စမ်းသပ်ရာက ပထမဆုံး သူရဲ့ မီးလုံးလေးဟာ
လင်းလာခဲ့တယ်.။ ဒီလို စမ်းသပ်အောင်မြင်တော့ သူတင်မကဘူး.။ သူနဲ့ အတူတူ
သုတေသန လုပ်နေတဲ့သူ့ရဲ့လက်ထောက်လည်း အောင်မြင်ပျော်ရွှင်မှုကို
ရင်ခုန်စွာနဲ့ ခံစားခဲ့ရတယ်.။
အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းသို့
သူ့ရဲ့ တပည့်လက်ထောက်ကို ဂရုတစိုက်ယူလာခိုင်းလိုက်တယ်.။ နောက်ထပ်
စမ်းသပ်ခန်းသို့ အသွားမှာ လှေခါးလေးတစ်ခုကို တတ်ရတယ်.။ တပည့်က
သေချာဂရုစိုက်စွာ တစ်လှမ်းချင်း လှေခါးပေါ်တက်တယ် ။ လက်ထဲက မီးသီးလေးကို
ရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ်
ရောက်ခါနီးမှာ လှေခါးကနေ ခြေချော်ပြီး မီးသီးကျကွဲသွားတယ်…။

ဘ၀မြေသြဇာ.. ( နိုင်းနိုင်းစနေ )


တစ်ခါက ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး ကလေးဟု ထင်နေသည်။ အကြောင်းမှာ သူတွင် ကျောရိုးနာ ရောဂါကြောင့် ခြေထောက် မသန်မစွမ်း ဖြစ်ခဲ့ရပြီး သွားများလည်း အထပ်ထပ် မညီမညာ ပေါက်နေသောကြောင့်ဖြစ်သည်။ သူသည် အခြားကလေး သူငယ်များနှင့် ပျော်ပါး ဆော့ကစားခြင်း မရှိဘဲ တဦးတည်း ထီးထီးနေတတ်သည်။ ဆရာ စာမေးတိုင်းလည်း ပြန်ဖြေခြင်း မရှိ ခေါင်းငုံ့ကာ နေတတ်သူဖြစ်သည်။

တစ်ခုသော နွေဦးပေါက်တွင် သူ၏ဖခင်သည် အိမ်နီးချင်း မိတ်ဆွေထံမှ ရခဲ့သော သစ်ပင်ပျိုးပင်များကို သားသမီးများအား တစ်ယောက်တစ်ပင်စီ ခွဲဝေပြီး အိမ်နောက်တွင် စိုက်ပျိုးစေခဲ့သည်။ ပျိုးပင်ကို အကောင်းဆုံး အရှင်သန်ဆုံး စိုက်ပျိုးနိုင် သူအား ဆုချမည်ဟုလည်း ကြေညာခဲ့သည်။

ဖခင်ပေးမည့် ဆုအား သူလည်း လိုချင်ခဲ့သည်။ သို့သော် တခြားသူများက ပျိုးပင်ကိုယူပြီး အားရ၀မ်းသာ စိုက်ပျိုးနေချိန်တွင် သူ့စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ မကောင်းသော အတွေးတချို့ဝင်ခဲ့သည်။ ကိုယ်စိုက်ပျိုးသောပျိုးပင် အမြန်ဆုံး ညိုးနွမ်း သေဆုံးသွားရန်သာ သူ မျှော်လင့်ခဲ့သည်။ သို့နှင့် အပင်ကို ရေ တစ်ခါ နှစ်ခါ လောင်းပြီး