Nov 16, 2013

ကျွန်တော်ကြိုက်တဲ့ ကမ္ဘာကျော် သရုပ်ဆောင်တစ်ယောက်အကြောင်း(၃)

မင်္ဂလာပါသူငယ်ချင်းတို့ရေ... ချာလီချက်ပလင်အကြောင်း နောက်ဆုံးအပိုင်းလေးဆက်ရအောင်ဗျာ...
         ချာလီချက်ပလင်ရဲ့ပုဂ္ဂိုလ်ရေးဘ၀ကတော့ မကြာခဏမုန်တိုင်းထန်တယ်ဗျ။ လေကြိမ်တောင် အိမ်ထောင်ကျသတဲ့ဗျာ။ သူ့ရဲ့တွဲဖက်ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Mildred Harris (1918), Lita Grey (1924) နဲ့ Paulette Goddard (1936) တို့အပြင် 1943 ခုနှစ်မှာ ပြဇာတ်ရေးဆရာ Eugene O'Neill နဲ့သမီး Oona O'Neill နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပထမကွာရှင်းပြတ်ဆဲမှုနှစ်ရပ်က အုတ်အော်သောင်းတင်းသတင်းများကို ထွက်ပေါ်စေခဲ့ပါတယ်။ ၁၉၄၄ မှာလဲ ဖခင်ဖြစ်ကြောင်းကြေညာပေးရန် တရားစွဲဆိုမှုခဲ့ပြီးတော့ အလားတူပါပဲ ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်၊ ဂျာမနီနှင့် ဖြစ်ပွားနေသောနေသောစစ်ပွဲမှာ ဒုတိယစစ်မျက်နှာဖွင့်ရန် ချာလီချက်ပလင်က တောင်းဆိုသောအခါတွင်လည်း သတင်းခေါင်းစီးများဖြင့်ဖေါ်ပြခဲ့ကြပါတယ်။ တစ်စိတ်တစ်ဒေသအားဖြင့် သူဟာဘယ်တုန်းကမှ အမေရိကန်နိုင်ငံသားမဖြစ်ခဲ့ခြင်းကို အကြောင်းပြပြီး သူ့ရဲ့နိုင်ငံရေးရပ်တည်ချက်ကိုလဲ တိုက်ခိုက်ခဲ့ကြပါတယ်။ Bluebeard ဇာတ်လမ်း၏ ခေတ်ပေါ်မူတစ်ခုဖြစ်သော ချာလီရဲ့ Monsieur Verdoux (1947) ဇာတ်ကားဟာ တစ်ခြားသူများအပြင် American Legion လို့ခေါ်တဲ့ စစ်မှုထမ်းဟောင်းများအဖွဲ့ကို ဒေါသဖြစ်စေခဲ့ပါတယ်။ နောက်ကြောင်းပြန်အခွန်(back taxes) များအတွက် အမေရိကန်ပြည်ထောင်စုအစိုးရ၏ ဖိအားပေးခြင်းကိုခံရပြီး

Nov 15, 2013

ကျွန်တော်ကြိုက်တဲ့ ကမ္ဘာကျော် သရုပ်ဆောင်တစ်ယောက်အကြောင်း(၂)



မင်္ဂလာပါ... ချာလီချက်ပလင်အကြောင်းလေး ဆက်ရအောင်...
         ချာလီချက်ပလင်ဟာ သူ့ရဲ့နာမည်ကျော်ဝတ်စုံဖြစ်တဲ့ ဒါဘီဦးထုတ်၊ ကိုယ်ကျပ်ကုတ်အင်္ကျီရှည်၊ ပွရောင်းရောင်းဘောင်းဘီရှည်၊ မတန်တဆကြီးသော ဖိနပ်များ၊ နှုတ်ခမ်းမွှေးနှင့် ကြိမ်တုတ်တို့ကို  သူ့ရဲ့ဒုတိယဇာတ်ကားဖြစ်တဲ့ Kid Auto Races at Venoice(1914)(ဗီးနစ်မြို့မှ ကလေးကားပြိုင်ပွဲ) ဇာတ်ကားမှာ စိတ်ကူးရသွားခဲ့ခြင်းဖြစ်ပါတယ်။ လူလေလူလွင့်ဇာတ်ကောင်၏ ဂရုဏာရသနှင့် ဆိုလိုချက်ကိုမူ ကိုအချိန်ထိ သဘောမပေါက်ခဲ့ကြသေးပါ။ သို့ပေမဲ့ သူ့ရဲ့ဟာသရုပ်ရှင်များကို တစ်ပတ်တစ်ကားနှုန်းဖြင့်ရိုက်ကူးခဲ့တဲ့ အစပိုင်းကတည်းက ရင်သတ်ရှုမောဖွယ်ရာ အောင်မြင်မှုကို ရခဲ့ပါတယ်။ ပရိတ်သတ်များရဲ့အားပေးမှု တစ်ဆထက်တစ်ဆ တိုးပြီးရရှိလာတဲ့ ချာလီချက်ပလင်ဟာ သူ့ရဲ့ရုပ်ရှင်များကို သူကိုယ်တိုင် ဒါရိုက်တာလုပ်ခွင့်ပြုခြင်းခံရပြီး သူ့ရဲ့လခများဟာလဲ မိုးထိအောင် မြင့်တက်သွားပါတော့တယ်။ Essanay Company(1915) မှ တစ်ပတ်လျှင်  ဒေါ်လာ ၁၂၅၀၊ Mutual Company(1916) မှ တစ်ပတ် ဒေါ်လာ တစ်သောင်းအပြင် ရိုက်ကူးပေးရန် စာချုပ်ချုပ်ခ ဒေါ်လာ ၁၅၀,၀၀၀ (တစ်သိန်းခွဲ)၊ First National(1917) မှ

Nov 14, 2013

ကျွန်တော်ကြိုက်တဲ့ ကမ္ဘာကျော် သရုပ်ဆောင်တစ်ယောက်အကြောင်း(၁)

 မင်္ဂလာပါ...
သူငယ်ချင်းတို့ရေ ဒီနေ့သရုပ်ဆောင်တစ်ယောက်အကြောင်းပြောရအောင်။ သူနာမည်က
ချာလီချက်ပလင်(ဆာချာလ်စ်စပင်ဆာချက်ပလင်)
Sir Charles Spencer Chaplin (Aprial 16, 1889 မှာ လန်ဒန်မြို့၌မွေဖွား)
         နာမည်ကြားလိုက်တာနဲ့သိကြမှာပါ... တစ်ချိန်တုန်းက ကျွန်တော်တို့ အရမ်းကြိုက်ခဲ့ကြတဲ့ နာမည်ကြီးဟာသဇာတ်လိုက်ကြီးပေါ့ဗျာ။ ခုချိန်ထိလဲ ကြိုက်နေကြတုန်းပါပဲ။ သူက အသံတိတ်ရုပ်ရှင်လောကရဲ့ သရဖူဆောင်းနိုင်တဲ့သူတစ်ဦးပေါ့။ သူက အမေရိကန်နိုင်ငံထုတ် အသံတိတ်ရုပ်ရှင်များ၌ သနားဖွယ်ဆိုပေမဲ့ ရယ်စရာကောင်းတဲ့ လူလေလူလွင့်အဖြစ် သရုပ်ဆောင်ရာမှ နိုင်ငံတကာကျော်ကြားမှုကို ဆွတ်ခူးခဲ့သူတစ်ဦးပါ။ ၁၉၁၄ ခုနှစ်ရုပ်ရှင်များ၌ သူစတင်ပါဝင်ခဲ့ပြီး နှစ်နှစ်အတွင်း အမေရိကန်နိုင်ငံတွင် လူသိအများဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၁၂၉၀ ပြည့်လွန်နှစ်များ ရောက်ချိန်မှာ သူ၏လက်မှတ်ရုံဆွဲဆောင်အားက ကြီးမားလွန်းလို့