Apr 9, 2012

အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ


 7Day News Journal
ဒေါက်တာစိုးသိမ်း

လူ့ခန္ဓာကိုယ်သည် ဒြပ်စင်(Element)ပေါင်း ၃၃ မျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဒြပ်ပေါင်းများ(Compounds) နှင့် သတ္တုဓာတ်များ (Minerals)ကို အစားအသောက်များ စားသောက်ခြင်းဖြင့် အစာလမ်းကြောင်းမှတစ်ဆင့် ရရှိပါသည်။
အမှန်ဆိုရသော် ဓာတုဒြပ်ပေါင်းအတော်များများသည် အဆိပ်အတောက်ပစ္စည်းများ (Toxic Materials)  များပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသောဒြပ်ပေါင်း များမှာမူ အရေအတွက်အားဖြင့် နည်းပါးပါသည်။ ဥပမာအားဖြင့် ရေ၊ အငန်ဓာတ်ပါသော   အိမ်သုံးဆား (Sodium Chloride)၊ အချိုဓာတ်ပါ သကြားတွင်ပါဝင်သော ဂလူးကို့စ်(Glucose)၊ အချဉ်ဓာတ်ရှိ စားသောက်ဖွယ်ရာများတွင် ပါရှိသော Citric Acid နှင့်  Acetic Acid ဓာတ်၊ ခါးသောအစားအ စာများတွင်ပါဝင်သော   Alkaloid ဓာတ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင်ပါဝင်သည့် Lactose ဓာတ်၊

ပူပြင်းသော ရာသီ သတိမူရမည့် ကျန်းမာရေး စိန်ခေါ်ချက်များ



ဝတ်ရည်အောင် 

(7Day News Journal - ၇ ရက် သတင်းဂျာနယ်)
အတွဲ (၁၁)၊ အမှတ်(၃)

အချိန်တိုအတွင်းအပူချိန်သည် မြင့်တက်လာခဲ့ပြီး နေ့လယ်ဘက်တွင် ပူပြင်းလာသည့်နေပူဒဏ်ကို လူအများခံစားနေရပြီဖြစ်သည်။
နေ့အပူချိန်သည် ဆက်လက်မြင့်တက်လာနိုင်ပြီး ထိုမြင့်တက်လာသည့်အပူချိန်ကြောင့်  အနောက်တောင်မုတ်သုံလေရာသီ မကျရောက်မီကာလအတွင်း မွန်းလွဲနှင့် ညနေပိုင်းများတွင်ပါ မိုးတိမ်တောင်များဖြစ်ပေါ်ပြီးထိုမိုးတိမ်တောင်များရွှေ့လျားရာ တစ်လျှောက်တွင်ပါ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းများပါဖြစ်ပွားလာနိုင်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့်   ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  သတိပေးနှိုးဆော်မှုများ

မြန်မာကျပ်ငွေလဲလှယ်မှု နှုန်းရှင်သတ်မှတ်ပြီ

မြန်မာ့တိုင်း(မ်)
အတွဲ ၂၉ ၊ အမှတ် ၅၆၄ (၆ - ၁၂ ၊ ၄ ၊ ၂၀၁၂)
ဧပြီ ၂ ရက်နေ့က ရန်ကုန်မြို့၊ သိမ်ဖြူငွေလဲကောင်တာ၌ ငွေလဲလှယ်ရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တိုးတက်မှုနှေးကွေးခဲ့ရသော မြန်မာ နိုင်ငံ၏စီးပွားရေးကို ခေတ်မီလာ စေရန်ပြုပြင်မှု၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ခေတ်နောက်ကျနေသော ငွေကြေးစနစ်ကို ပြုပြင်တော့မည့် ကြေညာချက်တစ်ရပ်ကို မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံဗဟိုဘဏ် ကထုတ် ပြန်ကြေညာလိုက်သည်။