Mar 5, 2012

အင်တာနက်ရယ်...ကြယ်ငါးရယ်...

ကြယ်ငါးကလေးရယ်
အွန်လိုင်းပေါ်မှာပျောက်နေတယ်
တစ်ပတ်တောင်ကျော်ပြီကွယ်...

အင်တာနက်ပေါ်မတက်
ကွန်နက်ရှင်ပျက်တာလဲတစ်ပတ်ကျော်ကြာ
စက်ပျက်လို့တဲ့ဗျာ...

စက်ပြန်ကောင်းလို့ပျော်မယ်ကြံ
ကွန်နက်ရှင်ကနှေးနေပြန်
စောင့်ရပြန်ပေါ့တစ်ခါ...

တက်လာပြန်တော့ကျချည်မြင့်ချည်
(ဟင်း...)သည်းလည်းခံတတ်လာပါပြီ
သြ...ငါနေတာကမြန်မာပြည်....။
မောင်ကြယ်ငါး

No comments: