Apr 30, 2015

Wormhole ဆိုတာ ဘာလဲ ( THA )



Wormhole ဆိုတာကတော့ စကြာဝဠာ ကြီးအတွင်း တစ်နေရာကနေ တစ်နေရာကို ချက်ချင်း ရောက်သွားနိုင်တဲ့ လမ်းကြောင်းတွေဖြစ်ပြီး Theoretical passage တစ်ခုအနေနဲ့သာ မှတ်ယူထားကြပါသေးတယ်။ ဒီ
အချင်းအရာကလဲ Einstein ရဲ့ General relativity theory နောက်မှာ ဖြစ်ပေါ်ယူဆလာကြတာဖြစ်ပါတယ်။
Wormhole Theory
၁၉၃၅ ခုနှစ်မှာ ရူပဗေဒပညာရှင်တွေဖြစ်တဲ့ Albert Einstein နဲ့ Nathan Rosen တို့နှစ်ဦးဟာ General Relativity သီအိုရီကိုသုံးပြီးတော့ စကြာဝဠာအတွင်း တစ်နေရာနဲ့ တစ်နေရာကို ချက်ချင်းရောက်နိုင်တဲ့ ဒိုးလျှိုပေါက်တွေ
ရှိနေတယ်လို့ တင်ပြခဲ့ကြပါတယ်။ ဒီ ဒိုးလျှိုပေါက်တွေကို Einstein-Rosen Hole တွေလို့ ခေါ်ပြီးတော့ နောက်ပိုင်းမှာတော့ Wormhole များဟုသာ အလွယ်တကူခေါ်ယူလာကြပါတယ်။ ဒီ Wormhole တွေဟာ စကြာဝဠာအတွင်း အချိန် နဲ့ ဟင်းလင်းပြင်ကို ဖြတ်ပြီးတော့ တစ်နေရာကနေ တစ်နေရာကိုသွားရာမှာ ချက်ချင်းပင်ဖြစ်စေ၊ အချိန်အနည်းငယ်အတွင်းဖြစ်စေ ရောက်ရှိသွားစေနိုင်ပါတယ်။
Two Dimensional Space?
အိုင်းစတိုင်းဟာ စကြာဝဠာကြီးကို နှစ်ဖက်မြင်အနေနဲ့ ချုံ့ကြည့်ခဲ့ပါတယ်။ (အမှန်မှာတော့ ၂ ဖက်မြင်မဟုတ်ပါ။ စကြာဝဠာအတွင်း Dimension ပေါင်း ၂ဝ
ကျော်အထိ ရှိနိုင်တယ်လို့လဲ
အချို့သော သိပ္ပံပညာရှင်တွေက
ပြောကြားထားကြပါတယ)် အိုင်းစတိုင်း ဟာ သူ့ရဲ့ သီအိုရီကို
ပိုမိုမြင်သာပြီး လွယ်ကူစွာ ရှင်းလင်းပြချင်လို့ ချုံ့ခဲ့ခြင်းဖြစ်ပါတယ်။ စကြာဝဠာအတွင်း မှာ ဖြစ်ပျက်သမျှ အရာတိုင်းဟာဒီ ပြင်ညီ နှစ်ဖက်မြင် အပေါ်မှာသာ ဖြစ်ပျက်မယ်။ ဒီပြင်ညီအပေါ်မှာ ကျွန်တော်တို့ သိသမျှ အတိုင်းတွေအားလုံး
အပါအဝင် (X,Y,Z,Time လက်ရှိတွေ အတိုင်း ၄ ခုကိုသာသိသေး) အခြား အရာတွေအားလုံးတည်ရှိပါတယ်။ဆိုလိုတာကတော့ အကွာအဝေး၊ အလင်း၊အချိန် စတဲ့အားလုံးသော Quantity တွေဟာ ဒီပြင်ညီလမ်းကြောင်းပေါ်မှာသာတည်ရှိပါတယ်။ ဒီပြင်ညီလမ်းကြောင်း ပေါ်မှာမဟုတ်တော့ဘူးဆိုရင် သူ့အတွက် Time & Space ဟာ ဒီစကြာဝဠာထဲမှာ ဖြစ်ပျက်နေတဲ့ ကျန်တဲ့အရာတွေ ဘာနဲ့မှ အတူတူမဟုတ်တော့ပါဘူး။ အိုင်းစတိုင်းနဲ့ ရိုစမ် ဆိုတဲ့ သိပ္ပံပညာရှင် ၂ ဦး ကတော့ ဒီပြင်ညီပြန့်နေတဲ့ စကြာဝဠာကြီးကို ခေါက်ကြည့်လိုက်
ပါတယ်။ ပြီးတော့ ဒီပြင်ညီအတိုင်းမဟုတ်တဲ့ လမ်းကြောင်း တစ်ခု နဲ့ တစ်နေရာကနေ တစ်နေရာကို သွားနိုင် ပါတယ်လို့ ပြောလိုက်ပါတယ်။ ဒီအချိန်နဲ့ ဟင်းလင်းပြင်ကိုထွက်ပြီးတော့ပေါ့။
ဒါဟာ တစ်ကယ်ဖြစ်နိုင်လား။
ကျွန်တော်တို့ကြည့်ဖူးတဲ့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတွဲတွေမှာတော့ Wormhole တွေနဲ့ စကြာဝဠာအတွင်းအလွန်ဝေးလံတဲ့ နေရာတွေကို ခရီးသွားလာနေကြတာအတော်အများကို တွေ့မြင်ရပါတယ်။ အလွန်ဝေးလံလှတဲ့
နေရာတွေက ဂြိုလ်သားတွေကလဲ Wormhole ကိုသုံးပြီးတော့
ကမ္ဘာပေါ်ကိုမကြာခဏဆသို လို ရောကလ်ာကြတယ်ဆြိုပီးလဲ
တွေ့မြင်ရနိုင်ပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့
ပိုမိုရှုတ်ထွေးလှပါတယ်။ ယခုထိလဲ အတည်ပြုထားတဲ့ Wormhole တစ်ခုကိုမှ မတွေ့ရသေးပါဘူး။
ပထမဆုံးပြသနာကတော့ အရွယ်အစား ဖြစ်ပါ လိမ့်မယ်။ လက်ရှိသီအိုရီတစ်ချို့မှာ ဖော်ပြတာကတော့ Wormholeတွေဟာ 10^-33 centimeter ခန့်သာရှိနိုင်ပါတယ်တဲ့။ ဒါပေမယ့် စကြာဝဠာပြန့်ကားနေတာကြောင့် wormhole တွေရဲ့ အရွယ်အစားဟာ ပိုကြီးလာနေတယ်လို့လဲ ပြောထား ပြန်ပါတယ်။
နောက်တစ်ချက်ကတော့ တည်ငြိမ်မှု(Stability) မရှိတာပါပဲ။ ယခုခန့်မှန်းထားတဲ့ Einstein-Rosen Holes ခေါ် wormholeတွေဟာ စကြာဝဠာအတွင်း ခရီးသွားဖို့အတွက် အသုံးပြုလို့ မရနိုင်သေးပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အလျှင်အမြန်ကြေပျက်သွားတတ်ကြလို့ပါ။
ပြင်ပမတူညီပစ္စည်း(Exotic matter) တွေလဲရှိနေနိုင်ပါတယ်။ သူတို့ဟာ ဒီစကြာဝဠာအတွင်း ကမဟုတ်တာကြောင့် သူတို့ရဲ့အကောင်းအဆိုးဂုဏ်သတ္တိတွေနဲ့ Dark Energy တွေကိုလဲ ခန့်မှန်းလို့မရနိုင်ပါဘူး။ ဒါကြောင့် အလွန်ကို အန္တရယ်များနိုင်ပါသေးတယ်။
ဗြိတိသျှလူမျိုးနက္ခဗေဒပညာရှင် Stephen Hawking ကလဲ ပြောပြန်ပါတယ်။ Wormhole တွေဟာ ဒီစကြာဝဠာအတွင်းတစ်နေရာကနေ တစ်နေရာကို ပေါက်တာတင် မဟုတ်သေးဘဲ ဒီစကြာဝဠာပြင်ညီကနေ အခြားစကြာဝဠာပြင်ညီတစ်ခု ကိုပါပေါက်နေတဲ့ လမ်းတွေဖြစ်နိုင်ပါတယ်တဲ့။ ဒါကြောင့် အချိန်ခရီသွားသူ(Time Traveler) တွေ သုံးနိုင်ပါတယ်။ ဒီအချက်ကိုလဲ သူ(ဟော့ကင်း) က စိတ်ကူးယဉ်သက်သက်မဟုတ်ပဲ အမှန်တကယ် ဖြစ်နိုင်ပါတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ယခုလက်ရှိနည်းပညာတွေဟာ Wormhole ကို အရွယ်အစားကြီးလာအောင် ဖြစ်စေ၊ တည်ငြိမ်လာအောင် ဖြစ်စေမစွမ်းနိုင်သေးပါဘူး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေဟာ ဒီအချက်ကို များသောအားဖြင့် ယုံကြည်ကြပြီး Wormhole ကိုသုံးနိုင်တဲ့နည်းပညာတွေကို ဆက်လက်ကြိုးစားရှာဖွေနေကြပါကြောင်း။
- THA ( Curiosity Science Magazine )

No comments: